ဒေးဒရဲမှာ ဒေသခံတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် သေနတ်နဲ့ ပစ်သတ်

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ ကျိတ်တောရွာက ကိုနိုင်မျိုးရွှေကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးပြီးနောက် ဖေဖော်ဝါရီလ ၁၆ ရက်မှာ ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂ဝ၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက ဧရာဝတီတိုင်း မအူပင်မြို့၊ လမ်းမပေါ်တွင် ဖြတ်သန်းသွားသည့် ကားများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဥ်။ Citizen Journalist

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ ကျိတ်တောရွာက ကိုနိုင်မျိုးရွှေကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးပြီးနောက် ဖေဖော်ဝါရီလ ၁၆ ရက်မှာ ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိတ်တောရွာက ကိုနိုင်မျိုးရွှေနဲ့ သူ့ရဲ့ ဇနီး၊ ကိုနိုင်မျိုးကျော်၊ ဒေးဒရဲမြို့ပေါ်က ကိုဝေယံနဲ့ သူ့မိခင်ဖြစ်သူတို့ အပါအဝင် နောက်ထပ် ဒေသခံတစ်ဦး စုစုပေါင်း ခြောက်ဦးကို ဖေဖော်ဝါရီလ ၄ ရက် နဲ့ ၅ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။

သူတို့ဆီက RPG အပါအဝင် လက်နက်နဲ့ ဒရုန်းတွေ တွေ့တယ်ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ‌ပြောပါတယ်။

အဲဒီနောက် ဖမ်းဆီးခံရသူ ခြောက်ဦးထဲက ကိုနိုင်မျိုးရွှေကို ကျိတ်တောရွာမှာ ဖွက်ထားတဲ့ လက်နက်တွေကို ဖေဖော်ဝါရီလ ၁၆ ရက် မနက် ၆ နာရီဝန်းကျင်က လိုက်ပြခိုင်းချိန်မှာ လက်နက်တွေ မတွေ့ရတာကြောင့် စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အစ်ကို နိုင်မျိုးရွှေတို့ဆီကို သူတို့ပစ္စည်းထားတဲ့နေရာတွေကို လိုက်ပြခိုင်းပါတယ်။ လိုက်ပြခိုင်းတော့ ဟိုကလည်း လိုက်ပြပါတယ်။ လိုက်ပြတဲ့နေရာမှာ ပစ္စည်းတွေလည်း မတွေ့ဘူးပေါ့နော်။ လူတွေလည်း မတွေ့ဘူးဆိုပြီးတော့ ဒေးဒရဲမြို့နယ် စရဖ နေလင်းထွန်းကနေပြီး သူ့ကို အဲဒီနားမှာပဲ ပွဲချင်းပြီး ပစ်သတ်သွားတာ ဖြစ်ပါတယ်"

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်အထိ ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ အရပ်သား စုစုပေါင်း ၄၅၄၅ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org