ခရမ်းမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်ခြောက်ဦး ဖမ်းဆီးခံရ

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ရဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်ခြောက်ဦး ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီ ၂၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်က ခရမ်းမြို့ အတွင်း သွားလာနေကြသူများကို တွေ့ရစဉ်။ ခရမ်းချန်နယ်

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ရဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်ခြောက်ဦး ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီ ၂၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ ရဲဘော် ရနောင်၊ ရဲဘော် မှေးကြီး၊ ရဲဘော် ဗိုက်ကလေး၊ ရဲဘော် သာလိကာ၊ ရဲဘော် စာကလေးနဲ့ ရဲဘော် DK တို့ ဖြစ်ပြီး သာကေတမြို့နယ်မှာ သုံးဦးနဲ့ မရမ်းကုန်းမြို့နယ်မှာသုံးဦး ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

အဖွဲ့ဝင်တွေဖမ်းဆီးခံရတဲ့ အဓိကအကြောင်းက နေစရာနေရာ မရှိတာကြောင့်ဖြစ်တယ်လို့ ခရမ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

"အဖမ်းခံရတာက အဓိက နေစရာမရှိလို့ပါ။ မစ်ရှင်လုပ်ပြီးနေစရာမရှိတော့ ရန်ကုန်တက်သွားရတာ။ ရန်ကုန်မှာ နယ်မြေမကျွမ်း၊ ပတ်ဝန်းကျင်အခြေအနေ မသိတော့ အခုလိုဖြစ်ရတာပါ"

စစ်ကောင်စီတပ်သားတွေဟာ ဖမ်းမိသူတွေကို ခရမ်းမြို့နယ်ဆီပြန်ပို့ပြီး နေရာတွေ လိုက်ပြခိုင်းနေတယ်လို့လည်း သူကဆက်ပြောပါတယ်။

ခရမ်းမြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ အတည်ပြုထုတ်ပြန်တာ မရှိသေးပါဘူး။

ဧပြီလ ၁၄ ရက်နေ့က ခရမ်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံး တိုက်ခိုက် ခံရပြီးနောက် ဒေသခံ ၄၀ ကျော်ကို စစ်ကောင်စီတပ်သားတွေက သံသယနဲ့ ဖမ်းဆီးထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org