စစ်အာဏာရှင်စနစ် အမြစ်ဖြတ်မယ်လို့ အင်းစိန်ထောင်ထဲ အဖမ်းခံထားရသူတွေက ထုတ်ပြန်

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် တိုက်ဖျက်သွားမယ်လို့ နွေဦးတော်လှန်ရေးမှာ ဆန္ဒပြရင်း အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးခံထားရသူတွေက သဘောထားထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန် အင်းစိန်ထောင််ရှေ့မှာ လွတ်မြောက်လာမယ့် အကျဉ်းသားတွေကို မိသားစုဝင်‌များက ၂၀၂၁ ဇွန်လ ၃၀ရက်‌နေ့က လာရောက်စောင့်ဆိုင်းနေကြစဉ် Photo: RFA

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် တိုက်ဖျက်သွားမယ်လို့ နွေဦးတော်လှန်ရေးမှာ ဆန္ဒပြရင်း အင်းစိန်ထောင် ထဲမှာ ဖမ်းဆီးခံထားရသူတွေက သဘောထားထုတ်ပြန်လိုက်ပါတယ်။

၁၉၆၂ ခုနစ် ဇူလိုင်လ ၇ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို စစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းခဲ့ပြီးတဲ့ နောက်ပိုင်းကစလို့ ပြည်သူလူထုဟာ စစ်အာဏာရှင်စနစ်ကို ခေတ် အဆက်ဆက် တွန်းလှန်လာခဲ့ရာ အခုနွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်ကို အမြစ်ဖြတ်မယ့် နောက်ဆုံး တိုက်ပွဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုဝင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တည်ထောင်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUGဟာ တိုင်းရင်းသားတွေ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နဲ့ တန်းတူညီမျှရေး စတဲ့ အခွင့်အရေးတွေအတွက် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးမှာ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ကတိစာချုပ်တစ်ရပ်ကို အခိုင်အမာချုပ်ဆိုကာ ညီညီညွတ်ညွတ် တိုက်ပွဲဝင်နိုင်မယ်လို့ ယုံကြည်ထားတယ်လို့လည်း ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org