စရဖ တပ်ကြပ် သေဆုံးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ လူငယ် ၃ ဦး လွတ်မြောက်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့က တပ်ကြပ် ဝင်းထိုက် (ခေါ်) ဖိုးလုံး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ကိစ္စနဲ့ ဖမ်းဆီးခံထားရသူတွေထဲက လူငယ် ၃ ဦးကို ရဲအာမခံနဲ့ ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

စရဖ တပ်ကြပ် ဝင်းထိုက် သေဆုံးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ လူငယ် ၃ ဦး ၂၀၁၈၊ နိုဝင်ဘာ ၅ ရက်နေ့က ပြန်လည်လွှတ်မြောက်လာစဉ် Photo: Htun Aung Kyaw - facebook

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့က တပ်ကြပ် ဝင်းထိုက် (ခေါ်) ဖိုးလုံး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ကိစ္စနဲ့ ဖမ်းဆီးခံထားရသူတွေထဲက လူငယ် ၃ ဦးကို ရဲအာမခံနဲ့ ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

တပ်ကြပ် ဝင်းထိုက်ဟာ စက်တင်ဘာလ ၂၆ ရက်နေ့ညက စစ်တွေမြို့လယ် ဝင်္ကဘာကွင်းက ပွဲဈေးတန်းမှာ မိသားစုနဲ့အတူရှိနေစဉ် သေနတ်နဲ့အပစ်ခံရပြီး သေဆုံးခဲ့တဲ့အတွက် သံသယရှိသူတွေကို စစ်တွေမြို့ အမှတ်(၁) မြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ချုပ်ရက်ပြည့်တဲ့အချိန်အထိ သူတို့အပေါ် တရားစွဲဆိုဖို့ ခိုင်လုံတဲ့အကြောင်းအရင်း မတွေ့ရတဲ့အတွက် ပြန်လွှတ်ပေးလိုက်တာလို့ သိရပါတယ်။

ပြန်လွတ်လာတဲ့ လူငယ် ၃ ဦးဟာ ရသေ့တောင်၊ ဘူးသီးတောင် နဲ့ ပေါက်တောမြို့နယ်တွေမှာ နေထိုင်သူတွေ ဖြစ်ပါတယ်။

တပ်ကြပ် ဝင်းထိုက် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဒီနေ့ ပြန်လွတ်လာသူတွေအပါအဝင် စုစုပေါင်း ၈ ယောက်ကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org