ကြားဖြတ် အစိုးရ တင်မြှောက်ကြောင်း ဆန္ဒပြကြေညာသူ ဖမ်းဆီးခံရ

ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီအင်အားစုတွေကို ကြားဖြတ် အစိုးရအဖြစ် ပြည်သူက တင်မြှောက်တဲ့အကြောင်း ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မနေ့မနက်က ဆန္ဒပြတဲ့ MDCF- ဒီမိုကရေစီစဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုက ရန်ကုန်တိုင်းတာဝန်ခံ ကိုနောင်နောင်ကို အင်္ဂါနေ့မနက် ၁ နာရီခွဲလောက်မှာ အထူးစုံစမ်းရေး ရဲတပ်ဖွဲ့ ဖမ်းဆီးသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီအင်အားစုတွေကို  ကြားဖြတ်အစိုးရအဖြစ် ပြည်သူက တင်မြှောက်တဲ့အကြောင်း ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မနေ့မနက်က ဆန္ဒပြတဲ့  MDCF-  ဒီမိုကရေစီစဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုက ရန်ကုန်တိုင်းတာဝန်ခံ ကိုနောင်နောင်ကို  အင်္ဂါနေ့မနက် ၁  နာရီခွဲလောက်မှာ အထူးစုံစမ်းရေး ရဲတပ်ဖွဲ့ ဖမ်းဆီးသွားပါတယ်။

ဒီအကြောင်း ကိုနောင်နောင်ရဲ့ မိတ်ဆွေ ဦးကျော်လွင်က ပြောပြပါတယ်။

"ဒုရဲမှူးအပါအဝင် ၅ ဦးက တောင်ဒဂုံ ၅၆ ရပ်ကွက်ကို ၁ နာရီခွဲမှာ ကိုနောင်နောင်ကို လာရောက်ခေါ်ဆောင်သွားတယ် အဲ့ဒီအချိန်မှာ ကိုထင်ကျော်ရဲ့ နောက်ဆုံးဆောင်ရွက်ချက် စာရွက်စာတမ်းတွေရယ် မနေ့တုန်းကမြို့တော်ခန်းမမှာဝေခဲ့တဲ့ စာရွက်စာတမ်းတွေ အားလုံးကိုသိမ်းယူသွားတယ်"

မနေ့ကဖြန့်ဝေတဲ့ ကြေငြာချက်မှာ ကုန်ဈေးနှူန်းကြီးမြင့်မှု၊ အလုပ်လက်မဲ့ပြဿနာ၊ ဘာသာရေးပြဿနာ၊ တိုင်းရင်းသားအရေး၊ တရားရေးကဏ္ဍ၊ လယ်ယာမြေမတရားသိမ်းဆည်းမှု စတဲ့ ပြဿနာရပ်တွေ တင်ပြထားပြီး ၂ဝ၁၁ ခုက ဒီနေ့ထိ ကိုယ်ကျိုးစီးပွားနဲ့ ခရိုနီတွေကို အကာအကွယ်ပေးနေတဲ့ ပြည်ထောင်စုအစိုးရကို လွှတ်တော်ကနေ ရုပ်သိမ်းဖို့ တိုက်တွန်းထားပါတယ်။

မြို့တော်ခန်းမရှေ့မှာ မနေ့က ဆန္ဒပြနေတုန်း ကိုနောင်နောင်ကို ကျောက်တံတားမြို့နယ်ရဲစခန်းက လာရောက်ဖမ်းဆီးပြီး ရဲစခန်းကို ခေါ်ဆောင်သွားတဲ့အတွက် နောက်ကနေ လူအုပ်ကလည်း လိုက်သွားကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကိုနောင်နောင်ကို ရဲစခန်းကပြန်လွှတ်လိုက်ပြီး ဒီမနက်လင်းအားကြီးချိန်ရောက်မှ နေအိမ်ကနေ ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

ကိုနောင်နောင်ဟာ တောင်ဒဂုံ မြို့နယ်မှာ ဖရောင်းတိုင်ထွန်းဆန္ဒပြခဲ့တဲ့အတွက် ပုဒ်မ ၁၈ နဲ့ အမှုရင်ဆိုင်နေရသူလည်းဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org