ပုဏ္ဏားကျွန်းမှာ ဖမ်းခံရတဲ့ လူငယ် ဆယ်ဦးထဲက ခြောက်ဦး ပြန်လွတ်

ရက္ခိုင့်တပ်တော် AA နဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုပြီး ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းက ဖမ်းဆီး ထားတဲ့ ရခိုင်လူငယ် ၁၀ ဦးထဲက ခြောက်ဦးကို ပုဏ္ဏားကျွန်းမြို့နယ် တရားရုံးက အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမှာ ၂၀၁၉ ဇူလိုင် ၂၇ ရက်နေ့က ဖမ်းဆီးခံရတဲ့ လူငယ်တွေကို တွေ့ရစဉ် Photo: cincds.gov.mm

ရက္ခိုင့်တပ်တော် AA နဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုပြီး ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းက ဖမ်းဆီးထားတဲ့ ရခိုင်လူငယ် ၁၀ ဦးထဲက ခြောက်ဦးကို ပုဏ္ဏားကျွန်းမြို့နယ် တရားရုံးက အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဇူလိုင် ၂၇ ရက်နေ့တည်းက ပုဏ္ဏားကျွန်းမြို့နယ်မှာ ဖမ်းဆီးစစ်ဆေးနေတဲ့ ရခိုင်လူငယ် ၁၀ ဦးထဲက ခြောက်ဦးကို သြဂုတ်လ ၁၅ ရက်နေ့က လွှတ်ပေးလိုက်တာဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုရဲမှူး ဦးမောင်မောင်စိုးက RFA ကို ပြောပါတယ်။

ဆက်လက်ဖမ်းဆီးထားသူတွေထဲမှာ အသက်မပြည့်သေးသူတွေ ပါနေကြောင်း ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုက ပြောပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒုရဲမှူး ဦးမောင်မောင်စိုးကို မေးမြန်းခွင့်မရခဲ့ပါဘူး။

ဖမ်းဆီးခံထားရတဲ့ လူငယ် ၁၀ ဦးနဲ့ ပတ်သက်ပြီး အမှုမဖွင့်ထားသေးကြောင်း တရားစွဲတင်တာမျိုးတွေ မလုပ်ရသေးဘူးလို့ သိရပါတယ်။

အာမခံနဲ့ လွတ်မြောက်သွားတဲ့ လူငယ် ခြောက်ဦးအပါအဝင် ဖမ်းဆီးခံထားရဆဲလူငယ် လေးဦးကို လာမယ့်သြဂုတ်လ ၂၃ ရက်နေ့မှာ ရုံးချိန်းပြန်လည်ချိန်းဆိုထားပါတယ်။

(RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org