ထားဝယ်တက္ကသိုလ်က ကျောင်းသူတစ်ဦး အဖမ်းခံရ
တနင်္သာရီတိုင်း ထားဝယ်တက္ကသိုလ် ပထမနှစ်ကျောင်းသူ မဆုမြတ်မွန်ကို နိုဝင်ဘာ ၁၂ ရက် မနေ့ညပိုင်းက ထားဝယ်မြို့ပေါ်က နေအိမ်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့က ထုတ်ပြန်ထားပါတယ်။
- 2021-11-13
-

မဆုမြတ်မွန်ဟာ ထားဝယ်တက္ကသိုလ် အရှေ့တိုင်းပညာဌာန ပထမနှစ် ကျောင်းသူတစ်ယောက်ဖြစ်ပြီး အဒေါ် ဖြစ်သူရဲ့ နေအိမ်မှာ ရှိနေစဉ် ထားဝယ်မြို့ ထိန်ဟောင်းရပ်ကွက်မှာ ည ၁၀ နာရီဝန်းကျင်လောက်က စစ်ကောင်စီ တပ်တွေရဲ့ လာရောက် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
မဆုမြတ်မွန်ကို စစ်ကောင်စီတပ်တွေက ဘာကြောင့် ဖမ်းဆီးရတယ်၊ ဘယ်ကိုဖမ်းဆီးသွားတယ် ဆိုတာကို တော့ မသိရသေးပါဘူး။
မဆုမြတ်မွန် နဲ့အတူ အဒေါ်ဖြစ်သူကိုပါ ဖမ်းဆီးသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် RFA အနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ မနေ့က ထားဝယ်ဆေးရုံက CDM ဝန်ထမ်းတစ်ဦးရဲ့ မောင်ဖြစ်သူ လူငယ် နှစ်ယောက်ကိုပါ ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့ ညပိုင်းကလည်း ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဒုတိယ ဥက္ကဋ္ဌ မသီရိမိုးရဲ့ မိခင်နဲ့ ညီမဖြစ်သူ တို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။