အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသားနှစ်ဦး အဖမ်းခံရ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ စက်တင်ဘာ ၁၂ ရက်နေ့က မြန်မာနိုင်ငံသား နှစ်ဦးနဲ့ အိန္ဒိယနိုင်ငံသား အမျိုးသားတစ်ဦးကို မီဇိုရမ်ရဲတပ်ဖွဲ့နဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့တို့က ဖမ်းဆီးလိုက်ပါတယ်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ထန်ပူကော်မြို့ (Tlangpuikawn) မှာ အဖမ်းခံရသည့် မြန်မာနိုင်ငံသား နှစ်ဦးနဲ့ မီဇိုရမ်ဒေသခံတစ်ဦးနှင့်အတူ ကျည်ဆန်များကို တွေ့ရစဉ်။ India Today NE

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ရှီဟ (Siaha) ခရိုင်၊ ထန်ပူကော်မြို့ (Tlangpuikawn) မှာ စက်တင်ဘာ ၁၂ ရက်နေ့က မြန်မာနိုင်ငံသား နှစ်ဦးနဲ့ အိန္ဒိယနိုင်ငံသား မီဇိုရမ်ဒေသခံ အမျိုးသားတစ်ဦးကို မီဇိုရမ်ရဲတပ်ဖွဲ့နဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့တို့က ဖမ်းဆီးလိုက်တယ်လို့ မီဇိုရမ်သတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူတွေဆီကနေ AK 47 ကျည်ဆန်အတောင့် ၁၈၀၀ ကျော်ကို သိမ်းဆည်း ရမိခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

သူတို့ကို ဆိုင်ကယ်သုံးစီးနဲ့အတူ အာရ်ချွန်း (Archhuang) ရွာကနေ လောင်တလိုင်းမြို့ (lawngtlai) ကို သွားတဲ့လမ်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ရှိ ဖမ်းဆီးခံရသူတွေဟာ ရှီဟမြို့ ရဲစခန်းမှာ ထိန်းသိမ်းခံနေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃ ရက်နေ့မှာလည်း အာသံရိုင်ဖယ်တပ်က ချင်းတော်လှန်ရေး ရဲဘော် သုံးဦးနဲ့ ချင်းဒေသခံ တစ်ဦး၊ စုစုပေါင်း လေးဦးကို မြန်မာငွေ သိန်းနှစ်ရာကျော်၊ စကားပြောစက်တွေနဲ့အတူ ဖမ်းဆီးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org