မြန်မာပြည်တွင်း လက်နက်ကိုင်အဖွဲ့တွေကို လက်နက်ရောင်းဖို့ စီစဉ်နေသူ အမေရိကန်မှာ အဖမ်းခံရ

အမေရိကန်နိုင်ငံလုပ် လေယာဉ်ပစ်ဒုံးကျည်တွေ အပါအဝင် တခြားလက်နက်တွေကို ဝယ်ယူဖို့နဲ့ မူးယစ်ဆေးဝါးတွေကို အမေရိကန်နိုင်ငံအတွင်း ဖြန့်ချိဖို့ စီစဉ်နေတဲ့ ဂျပန် ယာခူဆာဂိုဏ်းခေါင်းဆောင်တစ်ဦးကို အမေရိကန်အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ မနေ့က ပြောတဲ့အကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီမှ လျှို့ဝှက်အဖွဲ့ဝင် (undercover agents) များနှင့် တွေ့ဆုံစဉ်အတွင်း ဒုံးပစ်လောင်ချာတစ်လက် ကိုင်ဆောင်ပြသနေသည့် ယာကူဇာဂိုဏ်းခေါင်းဆောင် Takeshi Ebisawa ကို တွေ့ရစဉ်။ Photo: US Department of Justice

အမေရိကန်နိုင်ငံလုပ် လေယာဉ်ပစ်ဒုံးကျည်တွေ အပါအဝင် တခြားလက်နက်တွေကို ဝယ်ယူဖို့နဲ့ မူးယစ်ဆေးဝါးတွေကို အမေရိကန်နိုင်ငံအတွင်း ဖြန့်ချိဖို့ စီစဉ်နေတဲ့ ဂျပန် ယာခူဆာဂိုဏ်း ခေါင်းဆောင်တစ်ဦးကို အမေရိကန်အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ မနေ့က ပြောတဲ့အကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

လေယာဉ်ပစ်ဒုံးကျည်တွေကို ဝယ်မှာက မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့တွေအတွက်လို့ အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအရာရှိကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်တွေက မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရေးကို အကာအကွယ်ပေးဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အသက် ၅၇ နှစ်အရွယ် ယာခူဆာဂိုဏ်းခေါင်းဆောင် Takeshi Ebisawa ကို နယူးယောက် မြို့မှာ အခုအပတ်အတွင်း ဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့ကို မူးယစ်ဆေးဝါးတင်သွင်းမှု၊ လက်နက်မှုတွေနဲ့ အရေးယူထားတယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ပေးဖို့ Ebisawa ရဲ့ ရှေ့နေကို Reuters က ဆက်သွယ် ပေမယ့် အကြောင်းမပြန်ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org