ခင်ဦးမြို့မှာ ထိန်းသိမ်းခံ ဆန္ဒပြခေါင်းဆောင် ၅ ဦး ပြန်လည်လွှွတ်မြောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့မှာ ပုဒ်မ ၁၈ ဖျက်သိမ်းပေးဖို့နဲ့ အကျင့်ပျက်ချစားမှုတွေကို အရေးယူပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြသူတွေကို ဒီနေ့ ခင်ဦးရဲစခန်းက ဖမ်းဆီးလိုက်ပြီး ရွှေဘိုခရိုင်တရားရုံးကနေ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

မတရားဥပတွေကို ပယ်ဖျက်ပေးဖို့ ၈၈ မျိုးဆက်ကျောင်း သားတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ စုပေါင်းပြီး ဇန်နဝါရီလ ၅ ရက်နေ့က မဟာဗန္ဓုလပန်းခြံအနီးတွင် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပခဲ့ရာ ဆန္ဒပြနေသူများကို တွေ့ရစဉ် photo: RFA/ Myo Zaw Ko

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့မှာ ပုဒ်မ ၁၈ ဖျက်သိမ်းပေးဖို့နဲ့ အကျင့်ပျက်ချစားမှုတွေကို အရေးယူပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြသူတွေကို ဒီနေ့ ခင်ဦးရဲစခန်းက ဖမ်းဆီးလိုက်ပြီး ရွှေဘိုခရိုင် တရားရုံးကနေ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ပုဒ်မ ၁၈ ဖျက်သိမ်းပေးရေးအတွက် ခင်ဦးမြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဆောင်ပြီး မနေ့ကနဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က  ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

အဲဒီဆန္ဒပြပွဲကို ဦးဆောင်သူ ၅ ဦးကို ကိုယ်ပိုင်အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ ခင်ဦးမြို့နယ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတာဝန်ခံ ကိုသိန်းအောင်က ပြောပါတယ်။

"ခင်ဦးမြို့နယ်မှာ ဆန္ဒပြတာ၊ ကျနော်အပါအဝင် ငါးယောက်ကို ရဲမှူးကြီးက ပုဒ်မ ၁၈ နဲ့ မနက် ၈ နာရီခန့်မှာ တရားစွဲတယ်။ ခင်ဦးရဲစခန်းကနေ ကျနော်တို့ကို ခရိုင်တရားရုံးကို ခေါ်သွားပါတယ်။ ရွှေဘို တရားရုံးက အာမခံနဲ့ ပြန်လည်လွှတ်ပေးလိုက်တယ်ပေါ့ဗျာ"

ဆန္ဒပြသူတွေက မြို့နယ်တရားသူကြီး ၊ မြို့နယ်မြေစာရင်းဦးစီးဌာန စတဲ့လူပုဂ္ဂိုလ်တွေကိုပါ အရေးယူပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြဖို့ ခွင့်ပြုချက်တင်ခဲ့ရာမှာ မရခဲ့တာကြောင့် ၂ ရက်ဆက်တိုက် တရားမဝင်ဆန္ဒပြခဲ့ကြတာပါ။

အဲဒီ ဆန္ဒပြခေါင်းဆောင်ငါးဦးကို လာမယ့် ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ရွှေဘိုခရိုင်တရားရုံးမှာ ရုံးတင်စစ်ဆေးသွားမယ်လို့ သိရပါတယ်

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org