ဒုက္ခသည်စခန်းတွေထဲမှာ ARSA အဖွဲ့ကဝင်ပြီး စည်းရုံးလူစု

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေထဲမှာ ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ကဝင်ပြီး စည်းရုံး နေတာရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ သိရှိဖေါ်ထုတ်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်က ရဲထောက်လှမ်းရေးတွေကို လျှို့ဝှက်တာဝန်ပေးထားတယ်လို့ AFP သတင်းတစ်ပုဒ်မှာ ဖေါ်ပြထား ပါတယ်။

Arakan Rohingya Salvation Army (ARSA) အဖွဲ့မှ အစွန်းရောက် အကြမ်းဖက်သမားတွေကို တွေ့ရစဉ် Photo: Arakan Rohingya Salvation Army/ Facebook

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေထဲမှာ ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ကဝင်ပြီး စည်းရုံးနေတာ ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ သိရှိဖေါ်ထုတ်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်က ရဲထောက်လှမ်းရေးတွေကို လျှို့ဝှက်တာဝန်ပေးထားတယ်လို့ AFP သတင်းတစ်ပုဒ်မှာဖေါ်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အစ္စလာမ်အစွန်းရောက်အဖွဲ့ရဲ့ အန္တရာယ်ရှိနေတဲ့အတွက် လက်ရှိမှာပဲ ရဲတပ်ဖွဲ့ အသစ် တစ်ခု ဖွဲ့စည်းဆောင်ရွက်နေပါတယ်။ ဒီလိုအခြေအနေဖြစ်နေပေမယ့် အခုနောက်ပိုင်းရောက်လာတဲ့သူတွေထဲ မှာတော့ အစွန်းရောက်အဖွဲ့ဝင်တွေမပါဘူးလို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ထပ်တလဲလဲပြောနေတာ တွေ့ရပါတယ်။

ဒါပေမယ့် စခန်းတွေထဲ လူစုနေတဲ့သူတွေက သူတို့အနေနဲ့ နှစ်ပေါင်းများစွာ ဖိနှိပ်မှုမျိုးစုံ ရင်ဆိုင်ခဲ့ရပြီး အိုးအိမ် ပစ္စည်းအစစ ဆုံးရှုံးခဲ့ရလို့ မြန်မာကိုပြန်တိုက်ဖို့ ဆန္ဒရှိနေကြတယ်လို့ ပြောနေကြပါတယ်။

ဒီအတောအတွင်းမှာပဲ ထွက်ပြေးသွားတဲ့သူတွေဆီကနေ လှေစီးခ ဒေါ်လာအများအပြားတောင်းပြီး ပြန်ပေးဆွဲ ခံနေရတဲ့သူအယောက် ၂၀ ကို သူတို့ရဲတွေက ကယ်ဆယ်ထားရတယ်လို့ ဘင်္ဂလားဒေ့ရှ် ဗိုလ်မှူးတယောက်ရဲ့ ပြောဆိုချက်ကို AFP သတင်းတစ်ပုဒ်မှာဖေါ်ပြထားပါတယ်။

အဲဒီလူတွေဟာ အမျိုးသား ၅ ယောက်၊ အမျိုးသမီး ၇ ယောက်နဲ့ ကလေး ၈ ယောက်ဖြစ်ပြီး၊ သူတို့ကို လှေပိုင်ရှင် နဲ့အဖွဲ့က တစ်ယောက်ကို ဒေါ်လာ ၂၅၀ ဆီတောင်းနေပြီး ပြန်ပေးဆွဲခံထားရတဲ့အတွက် မနေ့က ကယ်ထုတ်နိုင်ခဲ့ တာလို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org