သတ်ဖြတ်ခံရသူတွေ အဖွဲ့ဝင်မဟုတ်ဟု ARSA ပြောကြား

မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလက မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ သတ်ဖြတ်ခဲ့တဲ့ ရွာသား ၁ဝ ဦးဟာ သူတို့ ARSA အဖွဲ့ဝင်တွေမဟုတ်ဘဲ အပြစ်မဲ့ သာမန်ကျေးရွာသားတွေသာဖြစ်တယ်လို့ မွတ်စလင်အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ ARSA အာဆာ ခေါ် ရခိုင်-ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့ က စနေနေ့ မနေ့က ပြောကြားလိုက်ပါတယ်။

Arakan Rohingya Salvation Army (ARSA) အဖွဲ့မှ အစွန်းရောက် အကြမ်းဖက်သမားတွေကို တွေ့ရစဉ် Photo: Arakan Rohingya Salvation Army/ Facebook

မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလက မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ သတ်ဖြတ်ခဲ့တဲ့ ရွာသား ၁ဝ ဦးဟာ သူတို့ ARSA အဖွဲ့ဝင်တွေမဟုတ်ဘဲ အပြစ်မဲ့ သာမန်ကျေးရွာသားတွေသာဖြစ်တယ်လို့ မွတ်စလင်အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ ARSA အာဆာ ခေါ် ရခိုင်-ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့ က စနေနေ့ မနေ့က ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် အဲဒီ ရွာသားတွေဟာ သူတို့အဖွဲ့နဲ့ အဆက်အသွယ်လည်း လုံးဝမရှိဘူးလို့ ပြောပါတယ်။

အာဆာအဖွဲ့ရဲ့ Twitter တွစ်တာက ကြေညာချက်မှာ အခုလို မြန်မာ အကြမ်းဖက် စစ်တပ်က ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံတာကို သူတို့ကြိုဆိုတယ်လို့လည်း ဖေါ်ပြထားပါတယ်။

အဲဒီအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org