လားရှိုးမှာ မိုင်းထိထားသူတွေကို ခြေတုတပ်ဆင်ပေးနေ

ရန်ကုန်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ The Leprosy Mission Myanmar အဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မိုင်းကြောင့် ခြေထောက်ထိခိုက်ခဲ့သူတွေကို အခမဲ့ ခြေတုတပ် ဆင်ပေးနေပါတယ်။

လားရှိုးမြို့မှာ ခြေတုတပ်ဆင်ရေး လုပ်ဆောင်ပေးနေစဉ် Photo: Kan Thar/RFA

ရန်ကုန်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ The Leprosy Mission Myanmar အဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မိုင်းကြောင့် ခြေထောက်ထိခိုက်ခဲ့သူတွေကို အခမဲ့ ခြေတုတပ်ဆင်ပေးနေပါတယ်။

ဒီဧပြီလ ၂ ရက်နေ့ကစပြီး သုံးလကြာ ခြေတုတပ်ဆင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ နယ်လှည့်ခြေတုတပ်ဆင်ရေး တာဝန်ခံ ကိုရန်အောင်ကိုကို က ဒီနေ့ ပြောပါတယ်။

"လွိုင်ကော်၊ ဒီမောဆိုးနဲ့ ဖားဆောင်းမှာ ၂၀၁၇ တစ်နှစ်တာသွားခဲ့တယ်၊ ၂၀၁၈ ကတော့ ရှမ်းမြောက်ကို လာခဲ့တယ်ပေါ့၊ ရှမ်းမြောက်မှာ လားရှို၊ မူဆယ်၊ ကွမ်လုံ ပေါ့နော်၊ လားရှိုးက ဧပြီလ ၂ ရက်နေ့ကစပြီးရောက် ပါတယ်၊ ၁၀ ရက်တာကာလ ရောက်နေပါပြီ၊ ဒီမှာ ဧပြီလဆန်းကနေ ဇွန်လကုန်အထိရှိပါမယ်"

လားရှိုးမြို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီဌာန လားရှိုးပြန်လည်ထူထောင်ရေးစခန်းမှာ တပ်ဆင်ပေးနေတာဖြစ်သလို ရှမ်းပြည်နယ် ကွတ်ခိုင်နဲ့ ကွမ်လုံမြို့တွေမှာလည်း အလှည့်ကျ သုံးလစီ ဆောင် ရွက်ပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ခြေတုရရှိပြီးသားသူတွေအနေနဲ့ အဆင်မပြေလို့ပြင်ဆင်ချင်ရင် ဘယ်နေရာမှာပဲလုပ်ခဲ့တဲ့ ခြေတုဖြစ်စေ အခမဲ့ပြင် ဆင်ပေးမှာဖြစ်ပြီး ငါးရက်လောက် အချိန်ပေးရမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဆီးချိုရောဂါ အပါအဝင်မွေးရာပါ ခြေထောက်ချို့ယွင်းတဲ့အတွက် ခြေတုတပ်ချင်သူတွေကတော့ အချိန်ပိုပေး ရမှာဖြစ်ပါတယ်။

လားရှိုးမြို့ကမဟုတ်ဘဲ တခြားမြို့နယ်တွေက ခြေတုတပ်ဖို့လာချင်သူတွေကို သွားလာစရိတ်နဲ့ နေထိုင် စားသောက်ရေးကို အဲဒီအဖွဲ့က ကုူညီဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

လားရှိုးမြို့မှာ ဆယ်ရက်ကျော်ကြာ ခြေတုတပ်ဆင်ရေး လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံအရ မိုင်းကြောင့် ခြေထောက် ထိခိုက်သူတွေ အများဆုံးတွေ့ရပြီး အမျိုးသမီးတွေမှာတော့ ဆီးချိုကြောင့် ခြေထောက်ဖြတ်ရသူတွေကတော့ အများဆုံးဖြစ်တယ်လို့ ကိုရန်အောင်ကိုကိုက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်မှာ တောင်ကြီး၊ လွိုင်လင်၊ ဆီဆိုင်မြို့တွေကို သုံးလစီ သွားရောက်ပြီး ခြေတုတပ်ဆင်တဲ့ လုပ်ငန်းတွေကို အခမဲ့ဆောင်ရွက်ပေးခဲ့သလို ၂ဝ၁၇ ခုနှစ်ကတော့ ကယားပြည်နယ် လွိုင်ကော်၊ ဒီမောဆိုနဲ့ ဖားဆောင်မြို့တွေမှာ ဆောင်ရွက်ပေးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org