လက်နက်ကြီး ကျရောက်တဲ့ အတွက် သေဆုံးသူတွေရှိ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ဟိုချောင်းကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာဟာ တအာင်းလွတ်မြောက်ရေး တပ် TNLA ကလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပြီး TNLA က ပြောရာမှာ တပ်မတော် ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဆံဖြစ်ကြောင်း သတင်း ထုတ်ပြန်ပါတယ်။
-
2017-01-13 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ဟိုချောင်းကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာဟာ တအာင်း လွတ်မြောက်ရေးတပ် TNLA ကလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပြီး TNLA က ပြောရာမှာ တပ်မတော်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဆံဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီလ ၁၂ ရက်နေ့ မနေ့က လက်နက်ကြီးကျရောက်ခဲ့တာကြောင့် လူ ၂ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ တယ်လို့ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အဲဒီလက်နက်ကြီးကျည်ဆံ ကျရောက်ချိန်ဟာ ဟိုချောင်းရွာမှာ ပညာရေးစုံညီပွဲတော်အတွက် အကတိုက်နေ တဲ့နေရာဖြစ်တယ်လို့ တအာင်းလွတ်မြောက်ရေးတပ်မတော်က ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတာအိုက်ကျော် က ပြောပါတယ်။
"ဟိုချောင်းကျေးရွာမှာ လူငယ်တွေစုပြီးတော့ ပညာရေးစုံညီပွဲတော်လုပ်ဖို့ သူတို့က အကတိုက်နေ တာ ဖြစ်တယ်။ အကတိုက်နေတဲ့အချိန်မှာ လက်နက်ကြီးကျတော့ ထိသွားတာ။ ဒီနှစ်လ၊ သုံးလအတွင်း မှာတော့ တော်တော်များများ ဒီတိုင်း တိုက်ပွဲမရှိဘဲနဲ့ ဘာမှတပ်လှုပ်ရှားမှုမရှိဘဲလည်း ပစ်တယ်။ လက်နက်ကြီးမကဘူး လေကြောင်းပါသုံးပြီး တိုက်ခိုက်တာလည်းရှိတယ်။"
ဟိုချောင်းရွာက သေဆုံးသူ ၂ ဦးမှာ တစ်ဦးက အသက် ၇နှစ်အရွယ် ကလေးငယ်တစ်ဦးဖြစ်ပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းက ဇိုင်းအောင်ဒုက္ခသည်စခန်းကိုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က လက်နက်ကြီးတွေ ကျရောက်တာကြောင့် ဒုက္ခသည်စခန်းမှာနေထိုင်သူ ၂၀၀၀ ခန့်ဟာ ဇိုင်းအောင် ဒုက္ခသည်စခန်းကနေ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးရာမှာ လက်မခံတဲ့အတွက် ဆဒုံးမြို့ပေါ်ကို သွားတဲ့လမ်းပေါ် ဒုက္ခသည်စခန်းနဲ့ ၄ မိုင်ခန့်အကွာလောက်မှာ ခိုလှုံနေရပါတယ်။
လမ်းမတွေပေါ်မှာ နေထိုင်နေကြတဲ့အတွက် ကလေးသူငယ်တွေနဲ့ လူကြီးပိုင်းတွေအတွက် အခက်အခဲတွေ ရှိတယ်လို့ ဇိုင်းအောင်ဒုက္ခသည်စခန်းကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေါ်ခွန်ရာက ပြောပါတယ်။
"အကူအညီ အခုလောလောဆယ်တော့ မရသေးဘူး။ အဆင်မပြေဘူး။ ကလေးတွေနဲ့ ဘိုးဘွားတွေ အသက်ကြီးတွေ ဖျားတာနာတာတွေ ဒုက္ခအရမ်းရှိတယ်။ ဒီမှာအရမ်းအေးလို့ "
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ကလည်း အဲဒီစစ်ပြေးဒုက္ခသသည်စခန်းကို လက်နက်ကြီးကျရောက်ခဲ့ တာကြောင့် စခန်းအတွင်းနေထိုင်သူတွေဟာ ၂ ရက်ကြာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။