ပလက်ဝဆေးရုံဝင်းထဲ လက်နက်ကြီးကျလို့ ကလေးတစ်ဦးဒဏ်ရာရ

ချင်းပြည်နယ် ပလက်ဝမြို့က ပြည်သူ့ဆေးရုံဝင်းထဲကို ဒီဇင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးတစ်ဦးဒဏ်ရာရပြီး ဆေးရုံဝန်ထမ်းအိမ်ရာ အဆောက်အအုံလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ပလက်၀မြို့ခံတွေက ပြောပါတယ်။

ချင်းပြည်နယ် ပလက်၀မြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံကို ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ချင်းပြည်နယ် ပလက်ဝမြို့က ပြည်သူ့ဆေးရုံဝင်းထဲကို ဒီဇင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးတစ်ဦးဒဏ်ရာရပြီး ဆေးရုံ ဝန်ထမ်းအိမ်ရာ အဆောက်အအုံလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ပလက်ဝမြို့ခံတွေ က ပြောပါတယ်။

ဆေးရုံဝန်ထမ်းအိမ်ရာမှာ ဆော့ကစားနေတဲ့ အသက် ဆယ်နှစ်အရွယ် မိန်းကလေးတစ်ဦး ဒဏ်ရာရခဲ့တာဖြစ်ပြီး ဒီလက်နက်ကြီးကို ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တယ်ဆိုတာတော့ မသိရသေးဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

"ဒီနေ့ လက်နက်ကြီးကျတာက ဆယ်နှစ်ဝန်းကျင်အရွယ် မိန်းကလေးတစ်ဦး ဒဏ်ရာ ရတယ်။ ဝန်ထမ်းအိမ်ရာခေါင်မိုး ပျက်စီးသွားတယ်။ လက်နက်ကြီးပစ်ခတ်တာက ဘယ်အဖွဲ့ကပစ်ခတ်တာလဲဆိုတာ သေချာပြောလို့တော့မရဘူး။ စကစ လက်နက်ကြီးလည်း ဖြစ်နိုင်တယ်။ AA ဘက်ကလည်း ဖြစ်နိုင်တယ်။ ဘယ်အဖွဲ့က ပစ်တယ်ဆိုတာ ကျွန်တော်တို့လည်း မသိဘူး"

ဒီနေ့တစ်ရက်တည်းမှာပဲ ပလက်ဝမြို့နယ် ခလရ (၂၈၉) တပ်ရင်းအနီးက ပလက်ချောင်းရွာကိုလည်း လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေး ဝန်ကြီး ဦးကျော်စိုးဝင်းကို ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ ၁၁ လအတွင်း အရပ်သား ၇၃၀ ဦး သေဆုံးပြီး ၁၂၉၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org