ရွှေမန်းသဘင်ကို ဆုပေးဖို့ စာရင်းတင်
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် Asia Society အာရှအသင်းမှာ ပြီးခဲ့တဲ့ဧပြီလက လာရောက် ကပြဖျော်ဖြေခဲ့တဲ့ ရွှေမန်းသဘင်ဟာ Bessie Award လို့ ခေါ်တဲ့ New York Dance and Performance Awards နယူးယောက် အကနဲ့ ဖျော်ဖြေဆုအတွက် လျာထားခံရ ပါတယ်။
-
2015-07-17 -
-
-
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် Asia Society အာရှအသင်းမှာ ပြီးခဲ့တဲ့ဧပြီလက လာရောက် ကပြဖျော်ဖြေခဲ့တဲ့ ရွှေမန်းသဘင်ဟာ Bessie Award လို့ ခေါ်တဲ့ New York Dance and Performance Awards နယူးယောက် အကနဲ့ ဖျော်ဖြေဆုအတွက် လျာထားခံရပါတယ်။
အကဲဖြတ်ဒိုင်တွေက ရွေးချယ်ပြီးလျာထားလိုက်တာလို့ Asia Society အဖွဲ့က Global Performing Arts and Special Cultural Initiatives ကမ္ဘာ့ဖျော်ဖြေရေး အနုပညာနဲ့ အထူးယဉ်ကျေးမှုဆိုင်ရာ ညွှန်ကြားရေးမှူး Rachel Cooper က ပြောပြပါတယ်။
သူတို့ အများဆုံးလျာထားတာက မော်ဒန်နဲ့ ဘဲလေးအကတွေပါပဲ။ ဒါဟာ မြန်မာနိုင်ငံက အဖွဲ့တစ်ဖွဲ့ ပထမဆုံးလျာထားခံ ရတာပါလို့ ပြောသွားတာပါ။ အကဲဖြတ် ဒိုင်တွေဟာအရင်က မြန်မာဆိုတာ ကြားတောင်မကြားဖူး၊ မြန်မာအကနဲ့ ဂီတကို လည်း မရှုစားဖူးဘဲ ရွှေမန်းသဘင် အဖွဲ့သားတွေရဲ့ အဆိုအပြောအတီးအကကို အထူး စိတ်ဝင်စားတယ်လို့လည်း ပြော ပါတယ်။
Bessie Award ဟာ ဂီတနဲ့ ဖျော်ဖြေရေးလောကမှာ အကယ်ဒမီဆုလိုမျိုးပဲဖြစ်ပြီး ခုလို လျာထားခံရတာကိုက ဂုဏ်ယူ စရာပါလို့လည်း Asia Society ညွှန်ကြားရေး မှူး Rachel Cooper က ပြောပါတယ်။