အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပုဂံမြို့မှာ ကျင်းပ

၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူတဲ့ မြန်မာနိုင်ငံဟာ ပထမဆုံးအာဆီယံ နိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးကို ပုဂံမြို့က Aureum Palace Hotel မှာ ကျင်းပခဲ့ပြီး ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

ပုဂံမြို့မှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တတိယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ မှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်(ဝဲဘက်) ကို တွေ့ရစဉ် photo: RFA/ Kyaw Htoon Naing

၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့ မြန်မာနိုင်ငံဟာ ပထမဆုံးအာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ပုဂံမြို့က Aureum Palace Hotel မှာ ကျင်းပခဲ့ပြီး ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့အချိန်မှာ အဖွဲ့ရည်မှန်းချက်ဖြစ်တဲ့ ၂၀၁၅ ခုနှစ်မှာ အာဆီယံလူ့အဖွဲ့အစည်းဖြစ်အောင် ကြိုးပမ်းသွားဖို့နဲ့  ၂၀၁၅ လွန်နောက်ပိုင်းဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတွေကို ဒီနေ့ဆွေးနွေးဖြစ်တယ်လို့  အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်လာတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။

သတင်းထောက်တစ်ဦးက ထိုင်းနဲ့ကမ္ဘောဒီးယားမှာ လတ်တလော ဖြစ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်ပါသလားလို့ မေးမြန်းရာမှာ အလှည့်ကျဥက္ကဋ္ဌဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အခုလိုဖြေပါတယ်။

“အာဆီယံအဖွဲ့ ချမှတ်ထားတဲ့ မူတွေထဲကတစ်ခုဟာ အဖွဲ့ဝင်နိုင်ငံတစ်ခုခြင်းစီရဲ့ အတွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မရှိရဆိုတာပါပဲ။ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေဟာ သက်ဆိုင်ရာနိုင်ငံတွေနဲ့သာ သက်ဆိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့  တိုင်းပြည်တစ်ခုချင်းစီရဲ့ ပြည်တွင်းနိုင်ငံရေးကိစ္စတွေကို ဆွေးနွေးတာ၊ မှတ်ချက်ပေးတာမရှိပါဘူး"

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ၂၀၁၅ ခုနှစ်မှာ အာဆီယံဒေသတွင်း စီးပွားရေး ကုန်သွယ်ရေးလုပ်ငန်းတွေမှာ ဘုံသဘောတူညီချက်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အာဆီယံ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်လာရေးအတွက် ကြိုးပမ်းနိုင်ဖို့လည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org