အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ ရိုဟင်ဂျာ အဖြေရှာမယ်

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ရန်ကုန် မြို့မှာ လာမယ့် ၁၉ ရက် တနင်္လာနေ့ တွေ့ ဆုံကြတဲ့အခါ ရိုဟင်ဂျာပြဿနာကို ဆွေးနွေး ကြမယ်လို့ မလေး ရှားနိုင်ငံ ကွာလာလမ်ပူမြို့က ဗုဒ္ဓဟူးနေ့ မနေ့ကလာတဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ဇူလိုင်လ ၂၃ ရက်နေ့က လာအိုနိုင်ငံမှာ တွေ့ရစဉ် Photo: MOI Webportal Myanmar

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ရန်ကုန်မြို့မှာ လာမယ့် ၁၉ ရက် တနင်္လာနေ့ တွေ့ဆုံကြတဲ့အခါ ရိုဟင်ဂျာပြဿနာ ကို ဆွေးနွေးကြမယ်လို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က ဗုဒ္ဓဟူးနေ့ မနေ့ကလာတဲ့သတင်းမှာ ဖေါ်ပြထားပါ တယ်။  မလေးရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Datuk Seri ဒါတွတ် ဆရီက အဲဒီလို အာဆီယံဝန်ကြီးတွေ တွေ့ဆုံ ကြတဲ့အခါ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် ရေရှည်ဆောင်ရွက်ရမယ့် နည်းလမ်းတွေကို ဆွေးနွေးအဖြေရှာကြမယ်လို့ ပြောပါတယ်။

မြန်မာနဲ့ မလေးရှား တဖက်နဲ့တဖက် မိမိတို့ ရပ်တည်ချက်တွေကို အပြန်အလှန် ထုတ်ပြန်ခဲ့ပြီးနောက် အခုလို ဆွေးနွေးဖို့ဆုံးဖြတ်ချက် ပေါ်ထွက်လာခြင်းပါပဲလို့လည်း မလေးရှား ဒုဝန်ကြီးကပြောကြားကြောင်း ဘနားမား သတင်းဌာနက ဖေါ်ပြပါတယ်။

ဒီအတောအတွင်းမှာပဲ အီရန်နိုင်ငံ Tehran မြို့ကလာတဲ့ သတင်းတပုဒ်အရ အီရန်သမ္မတ ဟာဆန် ရိုဟားနီ နဲ့ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို တို့ နှစ်ဦး ဒီဇင်ဘာ ၁၄ ရက် မနေ့က တွေ့ဆုံရာမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေ ၂ဝ၁၂ ခုကစပြီး အများအပြား သတ်ဖြတ်ခံထွက်ပြေးနေကြရတဲ့ ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင် မယ့်နည်းလမ်းတွေ ရှာဖွေဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org