ထိပ်သီးအစည်းအဝေး မြန်မာစစ်ခေါင်းဆောင်ကိုမဖိတ်ဖို့ အာဆီယံခေါင်းဆောင်တွေ ဆွေးနွေး

လာမယ့် အောက်တိုဘာလ ၂၆ ရက်နဲ့ ၂၇ ရက်နေ့မှာ အွန်လိုင်းက ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့် မပြုဖို့ အာဆီယံခေါင်းဆောင်တွေ စည်းဝေးတိုင်ပင်နေကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စား လှယ် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) Erywan Yusof, က ပြောလိုက်ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Erywan Yusof တို့ နေပြည်တော်မှာ ၂၀၂၁ ဇွန် ၄ ရက်နေ့က တွေ့ဆုံခဲ့စဉ် Photo: AFP

လာမယ့် အောက်တိုဘာလ ၂၆ ရက်နဲ့ ၂၇ ရက်နေ့မှာ အွန်လိုင်းက ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်း အဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်မပြုဖို့ အာဆီယံခေါင်းဆောင်တွေ စည်းဝေးတိုင်ပင် နေကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) Erywan Yusof, က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဆောင်ရွက်ဖို့ သဘောတူညီထားတဲ့ အချက်တွေကို ထိရောက်အောင် မဆောင်ရွက်နိုင်တဲ့အတွက် မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ဖို့ ဆွေးနွေးကြတာလို့ ဘရူနိုင်းနိုင်ငံမှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ Yusof က သတင်းထောက်တွေကို ပြောလိုက်တာပါ။

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ဧပြီလက အာဆီယံအဖွဲ့အတွင်းက အားလုံးရဲ့ သဘောတူညီချက်ကို ချိုးဖေါက်ပြီး နောက်ကြောင်းပြန်လှည့်သွားပြီလို့လည်း သူက ပြောပါတယ်။

အာဆီယံနဲ့ မြန်မာ ဆွေးနွေးခဲ့တဲ့ အချက်ငါးချက်ပါ သဘောတူညီချက်ကို အကောင်အထည်ဖော်မှုမှာ လုံးဝတိုးတက်မှု မရှိသေးတာဟာ စိုးရိမ်စရာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း အာဆီယံရဲ့ အထူးသံတမန်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ စစ်ကောင်စီ ဘက်က ငြင်းနေမယ်ဆိုရင် ဒီလထဲမှာ ကျင်းပဖို့ရှိတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာပါခွင့်မရအောင် ဖယ်ထားခံရမယ်လို့ အောက်တိုဘာ ၄ ရက်နေ့က သတိပေးထားပါတယ်။

စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို မထိပါးစေဘဲ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ကကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org