မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ လာမယ့်သီတင်းပတ် ဆွေးနွေးမည်

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က မြန်မာနိုင်ငံအကျပ်အတည်းကိုဖြေရှင်းရေး နည်းလမ်းရှာဖွေဖို့ ဒီဇင်ဘာလမှာ အလွတ်သဘောဆွေးနွေးပွဲ လက်ခံကျင်းပဖို့ ကမ်းလှမ်းခဲ့ပါတယ်။

လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့ ပြုလုပ်ခဲ့သည့် ၅၇ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး တက်ရောက်လာသူများအား တွေ့ရစဉ်။ Nhac NGUYEN / AFP

မြန်မာနိုင်ငံအကျပ်အတည်းကို ဆွေးနွေးဖို့အတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ လာမယ့်သီတင်းပတ်အတွင်း ဘန်ကောက်မှာတွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံရေးဌာန ပြောရေးဆိုခွင့်ရှိသူ Roy Soemirat က ပြောကြားပါတယ်။

လက်ရှိအာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ဖိတ်ကြားချက်အရ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ကျင်းပမယ့် အစည်းအဝေးမှာ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရေးအပါအဝင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာတဲ့ မြန်မာနိုင်ငံအကျပ်အတည်းတွေ ဖြေရှင်းနိုင်ရေး နည်းလမ်းတွေကို ဆွေးနွေးကြမယ်လို့ Thai PBS သတင်းက ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလက လာအိုနိုင်ငံ ဗီယန်ကျင်းမှာကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က မြန်မာနိုင်ငံ အကျပ်အတည်းကိုဖြေရှင်းရေး နည်းလမ်းရှာဖွေဖို့ ဒီဇင်ဘာလမှာ အလွတ်သဘောဆွေးနွေးပွဲ လက်ခံကျင်းပဖို့ ကမ်းလှမ်းခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ အဓိကစိုးရိမ်စရာအဖြစ် ကျန်ရှိနေသေးကြောင်းနဲ့ အဖွဲ့ဝင်အားလုံးက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ရရှိရေးအတွက် အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org