အာဆီယံ ဥက္ကဌအဖြစ် မြန်မာ တာဝန်ယူဖို့ ပြင်ဆင်မှု အောင်မြင်

လာမယ့် ၂ဝ၁၄ ခုနှစ်မှာ အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဌအဖြစ်တာဝန်ယူဖို့ မြန်မာ အစိုးရ ပြင်ဆင်ဆောင်ရွက်နေတာတွေဟာ အဆင်ပြေချောမွေ့နေတယ်လို့ သိရကြောင်း Jakarta Post သတင်းစာက ဖေါ်ပြပါတယ်။

လာမယ့် ၂ဝ၁၄ ခုနှစ်မှာ အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူဖို့ မြန်မာအစိုးရ ပြင်ဆင်ဆောင်ရွက်နေတာတွေဟာ အဆင်ပြေချောမွေ့နေတယ်လို့သိရကြောင်း Jakarta Post သတင်းစာက ဖေါ်ပြပါတယ်။

အင်ဒိုနီးရှားဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းလွင်က  "အာဆီယံဥက္ကဌ တာဝန်အတွက် အဆင်သင့်ဖြစ်လုနီးနေပါပြီ၊ အသေးစိတ်ကိစ္စကလေးတွေသာ ကျန်ပါတော့တယ်၊ လာမယ့်စက်တင်ဘာလမှာ  အားလုံးပြည့်စုံသွားမှာပါ" လို့ Jakarta Post ကို ပြောကြားခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာ ဒုတိယညွှန်ကြားရးမှူးချုပ် ဦးအောင်ထူးကလည်း မြန်မာနိုင်ငံအနေနဲ့ ဥက္ကဌတာဝန်ယူဖို့ ဆုံးဖြတ်လိုက်တဲ့ ၂ဝ၁၁ ခုနှစ်မတိုင်မီကတည်းက ပြင်ဆင်မှုတွေစတင်ခဲ့ကြောင်း၊ အာဆီယံစည်းဝေးပွဲတွေကျင်းပပုံနဲ့ ပတ်သက်ပြီး လေ့လာဖို့ အင်ဒိုနီးရှားနဲ့ ကမ္ဘောဒီးယားတို့ကို ကျွမ်းကျင်သူတွေစေလွှတ်ခဲ့ကြောင်း ပြောဆိုပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ကို ဝင်ရောက်ခဲ့ပြီး မကြာခင် ဥက္ကဌတာဝန်ယူဖို့ အလှည့်ကျခဲ့ပေမဲ့ ၂ဝ၁၆ ခုနှစ်ကျမှ တာဝန်ယူဖို့ရွှေ့ဆိုင်းခဲ့ပါတယ်။

၂ဝ၁၁ခုနှစ် အင်ဒိုနီးရှားမှာကျင်းပခဲ့တဲ့ အာဆီယံညီလာခံမှာတော့  ၂ဝ၁၆ ခုနှစ်အစား ၂ဝ၁၄ ခုနှစ်မှာ ဥက္ကဌအဖြစ်တာဝန်ယူဖို့ ဆုံးဖြတ်ခဲ့ပြီး လာအိုနိုင်ငံနဲ့ လဲလှယ်ခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org