အာဆီယံ ရှာဖွေ ကယ်ဆယ်ရေး ဌာန ထူထောင်ရေး ထိုင်း အဆိုပြု

အာဆီယံဒေသတွင်း ဆိုင်ရာ ရှာဖွေ ကယ်ဆယ်ရေးဌာန ထူထောင်ရေးဆောင် ရွက်ဖို့ ထိုင်း လေတပ်ကာကွယ်ရေး ဦးစီး ချုပ်က အဆိုပြုခဲ့ပါတယ်။

အာဆီယံဒေသတွင်း ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးဌာန ထူထောင်ရေးဆောင်ရွက်ဖို့ ထိုင်း လေတပ်ကာကွယ်ရေးဦးစီးချုပ်က အဆိုပြုခဲ့ပါတယ်။

နေပြည်တော်မှာ  ကြာသပတေးနေ့က မြန်မာကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် သဘာပတိအဖြစ် ဆောင်ရွက်ကျင်းပခဲ့တဲ့ ၁၁ ကြိမ်မြောက် အာဆိယံ လေတပ်အကြီးအကဲများ ညီလာခံမှာ ထိုင်း လေတပ်ကာကွယ်ရေးဦးစီးချုပ် ပရာဂျင် ဂျန်တောင်းက အဆိုပြုခဲ့တာဖြစ်ပါတယ်။

ဒေသတွင်းမှာ လေယာဉ်တွေပျက်ကျတာ၊ ပျောက်ဆုံးတာတွေဟာ  ဒေသလုံခြုံရေး၊ လေကြောင်းပို့ဆောင်ရေး နဲ့ ဒေသသာယာဝပြောရေးအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တာကြောင့်  အာဆီယံဒေသတွင်းဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးဌာန ထူထောင်ရေးဆောင်ရွက်ဖို့ အဆိုပြုတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org