အာဆီယံနိုင်ငံတွေနဲ့ ဗီဇာကင်းလွတ်ခွင့် ရှေ့နှစ်ပြီးမည်
မြန်မာနိုင်ငံနဲ့ အာဆီယံနိုင်ငံတွေအကြား အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့် သဘောတူ စာချုပ်ကို လာမယ့်နှစ် အတွင်း ချုပ်ဆို အကောင်အထည်ဖော်မယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးတင်ဦးလွင်က ပြောကြားလိုက်ပါတယ်။
-
2013-08-29 -

မြန်မာနိုင်ငံဟာ အိမ်နီးချင်း လာအိုနိုင်ငံနဲ့ ဗီဇာ ရယူစရာမလိုဘဲ သာမန်နိုင်ငံကူးလက်မှတ်နဲ့ (၁၄) ရက်ကြာ အပြန်အလှန် လည်ပတ်နိုင်တဲ့ သဘောတူ စာချုပ်ကို ၂၀၀၆ ခုနှစ်က ချုပ်ဆိုခဲ့ပါတယ်။
ကျန်တဲ့ အာဆီယံ နိုင်ငံတွေနဲ့လည်း အလားတူ ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက်တွေကို လာမယ့် ၂၀၁၄ ဘဏ္ဍာနှစ်အတွင်း လက်မှတ်ရေးထိုးချုပ်ဆိုသွားမယ်လို့ ဦးတင်ဦးလွင်က တနင်္လာနေ့က နေပြည်တော်မှာ ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့တာပါ