ဘင်္ဂါလီ ရိုဟင်ဂျာ ပြဿနာကို အာဆီယံက စောင့်ကြည့်နေ
အာဆီယံ အထွေထွေ အတွင်းရေးမှူး Dr. Surin Pitsuwan က ဘင်ဂါလီ ရိုဟင်ဂျာ အရေး ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ့်နိုင်ငံခြားရေးဝန်ကြီးတွေကို ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း တွေ့ဆုံမေးမြန်းလိုက်ပါတယ်။
-
2012-07-14 -
-
-
နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေကလည်း အဲဒီ ဘင်္ဂါလီ ရိုဟင်ဂျာ လူမျိုးတွေနဲ့ ပတ်သက်တာကို အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ကတိပြုခဲ့ကြပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ဒီကိစ္စကို စောင့်ကြည့်ပြီး အစီရင်ခံတင်ပြရန် အာဆီယံ အတွင်းရေးမှူးအဖွဲ့ကို တာဝန်ပေးခဲ့ပါတယ်။ အဲဒီအတွင်းရေးမှူးအဖွဲ့ရဲ့လုပ်ပိုင်ခွင့်တွေကို အထွေထွေ အတွင်းရေးမှူးက ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။
လက်ရှိ အထွေထွေအတွင်းရေးမှူး Dr. Surin Pitsuwan က အာဆီယံ နိုင်ငံတွေမှာ ရွေ့ပြောင်း အလုပ်သမားတွေအဖြစ် သွားရောက်နေကြတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေ အပေါ် အာဆီယံ ပြည်သူတွေက စိုးရိမ်နေတဲ့ အချက်ကို အလေးအနက် ထားပါတယ်လို့ ပြောပါတယ်။
ဒါအပြင် Dr. Surin Pitsuwan က အဲဒီ ဘင်္ဂါလီ ရိုဟင်ဂျာတွေ ကြုံတွေ့နေကြရတဲ့ ဒုက္ခတွေကို မိမိတို့က နား၊ မျက်စိဖွင့်ပြီး စောင့်ကြည့်နေမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။