စစ်မှန်သော ရွေးကောက်ပွဲမဟုတ်ကြောင်း AIPMC ဥက္ကဋ္ဌ ပြောဆို

မြန်မာနိုင်ငံက ရွေးကောက်ပွဲ ပီသခြင်း မရှိတဲ့ ရွေးကောက်ပွဲရလဒ်ကို လက်ခံစရာမလိုကြောင်း အာဆီယံအနေနဲ့ အလှည်စား မခံသင့်ကြောင်း AIPMC ခေါ် မြန်မာနိုင်ငံအရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က အာဆီယံ ခေါင်းဆောင်တွေထံကို အောက်တိုဘာ ၂၈ ရက် ဒီကနေ့ ပန်ကြားချက် စာတစောင် ပေးပို့လိုက်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ရွေးကောက်ပွဲမှာ နိုင်ငံခြားမှ သတင်းသမားများနှင့် စောင့်ကြည့် လေ့လာသူများကို လက်ခံမည် မဟုတ်ကြောင်း အောက်တိုဘာ ၁၈ ရက်နေ့က နေပြည်တော်တွင် ရှင်းလင်း ပြောကြားသည်ကို နားထောင်နေသော နိုင်ငံခြား သံတမန်များ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

ဒီစာကို မနက်ဖြန် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ စတင်ကျင်းပမဲ့ အာဆီယံ ထိပ်သီးညီလာခံနဲ့ တခြား အစည်းအဝေးတွေကို တက်ရောက်လာမဲ့ ခေါင်းဆောင်တွေကို ပေးပို့ခဲ့တာပါ။ AIPMC အဖွဲ့ရဲ့ ဥက္ကဋ္ဌ ထိုင်းနိုင်ငံ ပါလီမန်အဖွဲ့ဝင် Mr Kraisak Choonhavan က ခုလို မြန်မာနိုင်ငံက ရွေးကောက်ပွဲ ဆိုတာဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ မှတ်ချက်ပေးပါတယ်။

ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာကိုက စစ်တပ် အနိုင်ရအောင် ဖန်တီးထားတာ ဖြစ်ကြောင်း ကိုယ်စားလှယ်တွေဆိုတဲ့ သူတွေဟာလည်း စစ်တပ်က လူတွေပဲ ဖြစ်တယ်လို့ သူက ပြောဆိုသွားပါတယ်။

AIPMC အဖွဲ့ရဲ့ စာမှာ မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ စစ်တပ်ကပြည်သူကို အာဏာလွှဲတာ မဟုတ်ပဲ စစ်တပ်ကြီးစိုးရေးအတွက်သာ ဆောင်ရွက်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်၊

ဒါပြင် ၉၀ ခုနှစ် အနိုင်ရပါတီကို ဝင်မလာနိုင်အောင် လုပ်ထားတဲ့ ကိစ္စ၊ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ပြန်မလွှတ်သေးတဲ့ ကိစ္စတွေအပြင် လက်ရှိနိုင်ငံတွင်းက လူ့အခွင့်အရေး အခြေအနေအရ ဒီရွေးကောက်ပွဲကို လုံးဝ လက်မခံသင့်ဘူးလို့ အာဆီယံအဖွဲ့ကို တောင်းဆိုထားတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org