အမေရိကန်သမတနှင့် အာဆီယံခေါင်းဆောင်များ မြန်မာ့အရေး ထည့်သွင်းဆွေးနွေးမည်
ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့အတွက် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေကြတဲ့ အာဆီယံ ခေါင်းဆောင်တွေဟာ အမေရိကန်သမတ အိုဘားမားနဲ့ စက်တင်ဘာ ၂၄ ဒီကနေ့ နယူးယောက်မြို့မှာ တွေ့ဆုံဆွေးနွေးကြဖို့ ရှိပါတယ်။ အဲဒီလို တွေ့ဆုံတဲ့အခါ အမေရိကန်နဲ့ အာဆီယံ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုကိစ္စ၊ အရှေ့အာရှ လုံခြုံရေးဆိုင်ရာ ကိစ္စတွေအပြင် မြန်မာနိုင်ငံအရေးကိစ္စတွေကိုပါ ဆွေးနွေးဖို့ ရှိတယ်လို့ မျှော်လင့်ရပါတယ်။
-
2010-09-24 -
-
-
Your browser doesn’t support HTML5 audio
မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ ဖိအားပေးမှုတွေ မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် သမတ အိုဘားမားအနေနဲ့ ဒီကနေ့ အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သေချာပေါက် ထည့်သွင်း ဆွေးနွေးမှာဖြစ်ကြောင်း အမေရိကန်အစိုးရ အမျိုးသား လုံခြုံရေးကောင်စီရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Jeff Bader က ပြောပါတယ်။
အဲဒီအစည်းအဝေးကို နယူးယောက်မြို့က နာမည်ကျော် Waldorf Astoria Hotel မှာ ဒီကနေ့ နေ့လည် ၁ နာရီမှာ စတင်ပြီး မိနစ် ၉၀ ကြာမြင့်မယ်လို့ သံတမန်အသိုင်းအဝိုင်းက ပြောပါတယ်။ တခြား အာဆီယံထိပ်သီး ခေါင်းဆောင်တွေနဲ့အတူ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနဲ့အဖွဲ့ တက်ရောက်မှာ ဖြစ်သလို နိုင်ငံတကာက ရောက်ရှိနေတဲ့ သတင်းထောက်တွေထဲမှာ မြန်မာနိုင်ငံက စာရေးဆရာ အယ်ဒီတာ တဦးဖြစ်တဲ့ ကိုကို- စက်မှုတက္ကသိုလ် ဦးဆောင်တဲ့ စာနယ်ဇင်းသမား ၅ ဦးအဖွဲ့လည်း ပါဝင်တယ်လို့ သိရပါတယ်။
အဲဒီအစည်းအဝေး သတင်းရယူဖို့အတွက် နယူးယောက်မြို့ကို ရောက်ရှိနေတဲ့ RFA သတင်းထောက် ဦးကျော်ကျော်အောင်က သတင်း ပေးပို့ထားပါတယ်။
သတင်းပေးပို့ချက်။ |
|
အသံဖိုင်ယူရန် |