အရှင်ဂမ္ဘီရ ကျန်းမာရေးမကောင်းလို့ လူဝတ်လဲ

ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရဟာ ကျန်းမာရေး မကောင်းတဲ့အတွက် ဆေးဝါးကုသမှု ခံယူဖို့ ရဟန်းအဖြစ်ကနေ လူထွက်လိုက်ပြီး မိဘရပ်ထံပြန်လည် ရောက်ရှိနေကြောင်း သတင်းရရှိပါတယ်။

၂၀၁၂ ဖေဖော်ဝါရီလဆန်းပိုင်းတွင် ပြုလုပ်သော နိူင်ငံရေး အကျဉ်းသားများ အတွက် ရန်ပုံငွေရှာဖွေရေး စာအုပ်ရောင်းပွဲတွင် အရှင်ဂမ္ဘီရ (ဝဲအစွန်) ကိုတွေ့ရစဉ်။ RFA

အရှင်ဂမ္ဘီရဟာ ပြီးခဲ့တဲ့ သြင်္ကန်ရက်က လူဝတ်လဲလိုက်ပြီး မိဘနှစ်ပါးရှိရာ မိထ္တီလာမြို့ကို ပြန်လည်ရောက်ရှိ လာပါတယ်။

အရှင်ဂမ္ဘီရ လူဝတ်လဲလိုက်ရတဲ့ အကြောင်းကို မိခင်ဖြစ်တဲ့ ဒေါ်ရေးက အတည်ပြု ပြောဆိုပါတယ်။

အရှင်ဂမ္ဘီရဟာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ဖြစ်တဲ့အချိန်အထိ သသာနာပြုလုပ်ငန်းတွေကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ ရဟန်းတစ်ပါး ဖြစ်ခဲ့ကြောင်း၊ ဒါပေမယ့် အကျဉ်းထောင်အတွင်း ညှဉ်းပန်း နှိပ်စက်ခံရမှုတွေကြောင့် ဦးနှောက် အာရုံကြောတွေထိခိုက်ပြီး စိတ်ဝေဒနာ ခံစားနေရကြောင်း မိခင်ဖြစ်သူဒေါ်ရေးက ပြောဆိုခဲ့ပါတယ်။

အခုအခါ မိဘရပ်ထံ ပြန်လည်ရောက်ရှိနေပြီး ကျွမ်းကျင်တဲ့ သမားတော်ကြီးများရဲ့ ကုသမှုကို ခံယူနေကြောင်းကိုလည်း ဒေါ်ရေးက ပြောဆိုခဲ့ပါတယ်။

အရှင်ဂမ္ဘီရရဲ့ ကျန်းမာရေးအခြေအနေကို ဦးဇော်မိုးကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org