ကျောင်းသားချီတက် ဆန္ဒပြပွဲတွေ ထောက်ခံဖို့ ဗကသအဖွဲ့ချုပ်ပန်ကြား

ကျောင်းသားတွေရဲ့အမျိုးသားပညာရေး ဥပဒေသပိတ်ကို လူထုလူတန်းစား အလွှာ အသီးသီးက ထောက်ခံလက်တွဲပါဝင်ဖို့ ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ပန်ကြားချက် ၄ စောင် ကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားပညာရေးဥပဒေကြမ်းကို ကန့်ကွက်တဲ့ ကျောင်း သားတွေဟာ မန္တလေးမြို့အိမ်တော်ရာ ဘုရားဝင်းကနေ ရန်ကုန်မြို့ကို ဇန်နဝါရီ ၂၀ ရက်နေ့က စတင်လမ်းလျှောက် ဆန္ဒပြကြစဉ်။ Photo: Nay Thwae/RFA

ကျောင်းသားတွေရဲ့အမျိုးသားပညာရေး ဥပဒေသပိတ်ကို လူထုလူတန်းစား အလွှာအသီးသီးက ထောက်ခံလက်တွဲ ပါဝင်ဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်က ပန်ကြားချက် ၄ စောင်ကို မနေ့က ထုတ်ပြန်လိုက် ပါတယ်။

ကျောင်းသူကျောင်းသားတွေ၊ ဆရာဆရာမတွေ၊ အလုပ် သမား၊ လယ်သမားနဲ့ ပြည်သူတွေ၊ တပ်မတော်မိသား စုတွေကို ရည်ညွှန်းပြီး ပန်ကြားချက်အသီးသီးထုတ်လိုက် တာပါ။

ကျောင်းသူ ကျောင်းသားတွေအတွက် ပန်ကြားချက်မှာ မန္တလေးကနေ ရန်ကုန်ကိုချီတက်လာတဲ့ သပိတ် စစ်ကြောင်းမှာ လိုက်ပါချီတက်ဖို့ တိုက်တွန်းထားပြီး၊ တပ်မတော်မိသားစုတွေအတွက် ပန်ကြားချက် မှာတော့ ကျောင်းသားထုတစ်ရပ်လုံး ပညာရေးအဆင့်မြင့် လာရင် တပ်မတော်သားတွေရဲ့ သားသမီးတွေလည်း အကျိုးခံစားခွင့် ရလာမှာဖြစ်တဲ့အတွက်၊ အမျိုးသားလက္ခဏာဆောင်တဲ့ ဒီလှုပ်ရှားမှုကို ဖြိုခွဲဆန့်ကျင်တိုက်ခိုက်မှုမလုပ် ပဲ ထောက်ခံအားပေးဖို့ တိုက်တွန်းထားပါတယ်။

အလားတူ၊ ဆရာဆရာမတွေ၊ အလုပ်သမား၊ လယ်သမားတွေ ပြည်သူတွေအတွက် ပန်ကြားချက်မှာလည်း သပိတ်မှောက်ကျောင်းသားတွေနဲ့ အတူလက်တွဲပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

သပိတ်မှောက်ကျောင်းသားတွေဟာ မနေ့ညကတော့ နွားထိုးကြီးမြို့နယ် ပြင်စည်ရွာ ရွှေမုဓေါ ဘုန်းကြီးကျောင်းမှာ ညအိပ်ရပ်နားခဲ့ပါတယ်။ ဒီနေ့မနက် ၉ နာရီမှာတော့ ပြင်စည်ကနေ နွားထိုးကြီးမြို့ကို ဆက်လက်ချီတက်ကြမယ် လို့ ကြေညာထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org