လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်
`ရက်ပေါင်း (၁၀၀) ကျော်လာပြီ ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ ဘယ်လောက်အထိ အပြောင်းအလဲ ဖေါ်ဆောင်ဖို့ ရည်ရွယ်ချက် ရှိတယ် ဆိုတာကို အခုထိ ခန့်မှန်းလို့ မရသေးပါဘူး။
-
2011-07-15 -
-
-
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံခရီးစဉ် အတွင်း ၂၀၁၁ ခုနှစ် ဇွန်လ ၅ ရက်နေ့က ကြိုဆိုနှုတ်ဆက်ကြတဲ့ ဒေသခံတွေကို ဒေါ်အောင်ဆန်းစုကြည် ပြန်လည်နှုတ်ဆက်နေပုံ။ ဓါတ်ပုံ - Yonhap News
Yonhap News
ရက်(၁၀၀) ဆိုတာ သိပ်ကြာလှတဲ့ ကာလ မဟုတ်ပေမယ့် တကယ် လုပ်ချင်ရင်တော့ သိသာအောင်လို့ လုပ်နိုင်တာတွေ ရှိပါတယ်။ လုပ်သင့် လုပ်ထိုက်တာတွေကို အမြန်ဆုံးလုပ်တာဟာ တိုင်းပြည်အတွက် အကောင်းဆုံး ဖြစ်မယ်လို့ ထင်ပါတယ်။
အဲဒီလို လုပ်ကြဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်` လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
ဂျပန်နိုင်ငံက နော်အယ်မူးနဲ့ ဦးမျိုးဇော်၊ ပြင်သစ်နိုင်ငံက ကိုထင်ကျော်၊ ထိုင်းနိုင်ငံက အရှင်နေမိန္ဒနဲ့ မသစ္စာ ၊ ရန်ကုန်တိုင်း ခရမ်းသုံးခွက ဒေါ်ပြုံးတို့ (၆) ဦးရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ဒီတပတ်မှာ ပြန်လည် ဖြေကြားထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |