လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် (အိတ်ဖွင့်ပေးစာ)

"ကချင်ပြည်နယ်မှာ စစ်ပွဲတွေဖြစ်ပြီး ပြည်သူတွေ ဒုက္ခရောက်နေတဲ့အတွက် ပြည်ထောင်စု စိတ်ဓါတ် ခိုင်မာသူ အားလုံးနည်းတူ ကျမလည်း စိတ်မကောင်းဖြစ်ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ သတင်းထောက်များရဲ့ အမေးကို ၂၀၁၁ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားနေစဉ်။ ဓါတ်ပုံ - RFA RFA

ဒါကြောင့်လည်း ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းဖို့ အိပ်ဖွင့်ပေးစာကို သက်ဆိုင်ရာ ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေထံ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ဒုက္ခသည်များနဲ့ ပတ်သက်လို့ UNHCR ကကြိုးစားပြီး တတ်နိုင်သမျှ လုပ်ပေးဖို့ အလှူရှင် နိုင်ငံတွေကို မေတ္တာရပ်ခံထားပါတယ်။" လို့ ဒေါ်အောင်ဆန်းစုကြည်က သောတရှင်တဦး အမေးကို ဖြေဆိုပါတယ်။

ဒိန်းမတ်နိုင်ငံက မခင်မိုးမိုး၊ လန်ဒန်မြို့က မသူဇာနိုင်၊ ဂျပန်နိုင်ငံက ကိုဝေဖြိုး ၊ အမေရိကန် ပြည်ထောင်စုက ကိုကျော်ဝင်း၊ ကိုဝင်းထိန်ဦးနဲ့ ကိုဂမ်ဆမ်တို့ (၆) ဦးရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org