ဗားဂျီးနီးယား တက္ကသိုလ် ကျောင်းသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ပြည်ထောင်စု ဗားဂျီးနီးယား ပြည်နယ် နည်းပညာ တက္ကသိုလ် Virginia Tech ကျောင်းသူ ကျောင်းသားတွေနဲ့ အင်တာနက် ဗီဒီယိုကနေ ဒီကနေ့ မနက်မှာ တိုက်ရိုက် ဆွေးနွေးတယ်လို့ သိရပါတယ်။

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဆိုနေစဉ်။ NLD

ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့ကနေ အမေရိကန် ကျောင်းသားတွေကို မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ ပညာရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးသလို ကျောင်းသားတွေ ဘက်ကလည်း မေးခွန်းတွေ မေးကြတယ်လို့ သိရပါတယ်။

မြန်မာနဲ့ အမေရိကန်အကြား အပြန်အလှန် နားလည်မှု တိုးမြင့်ဖို့နဲ့ မြန်မာ့အရေး အမေရိကန် တက္ကသိုလ် ကျောင်းသားတွေ အကြား ပျံ့နှံ့စေဖို့ အခုလို စီစဉ်ခဲ့ကြောင်း ဒီပွဲ ဖြစ်မြောက်အောင် ဦးစီးဆောင်ရွက်သူ တဦးဖြစ်တဲ့ ဗားဂျီးနီးယား စက်မှုတက္ကသိုလ်က မြန်မာကျောင်းသူ မသက်နီနီအောင်က ပြောပါတယ်။

ဒီပွဲမှာ ကျောင်းသားကျောင်းသူ ပရိသတ် ၃ ထောင်ခန့် တက်ရောက်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗားဂျီးနီးယား စက်မှုတက္ကသိုလ် ကျောင်းသားကျောင်းသူတွေ ဆွေးနွေးတာတွေနဲ့ပတ်သက်ပြီး စီစဉ်သူ မသက်နီနီအောင်နဲ့ အာရ်အက်ဖ်အေ ဝိုင်းတော်သား ဦးခင်မောင်စိုး မေးမြန်းထားတာကိုလည်း တစ်ဆက်တည်း နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org