ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲယှဉ်ပြိုင်မယ့် ကော့မှုးရောက်ရှိ
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာ ကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် သူယှဉ်ပြိုင်မယ့် ကော့မှုးမြို့နယ်ကို အခုညနေ ၇ နာရီကျော်ကျော်မှာ ဆိုက်ရောက်သွားပြီ ဖြစ်ပါတယ်။ ရောက်ပြီး မကြာခင်မှာပဲ မြို့ခံလူထုကို နှုတ်ဆက်မိန့်ခွန်း ပြောကြားခဲ့ရာ ပြည်သူ တစ်ထောင့်ငါးရာခန့် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
-
2012-03-31 -
-
-
မတ်လ ၃၁ ရက်နေ့က ကော့မှူးမှ မဲရုံတစ်ခုကို လာရောက်ကြည့်ရှုသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လူထုကို နှုတ်ဆက်နေစဉ်။
AFP
NLD ပါတီရဲ့ စည်းရုံးရေးနဲ့ဖျော်ဖြေရေး အလှပြမော်တော်ယာဉ်ဟာ စည်းရုံးရေး နောက်ဆုံးနေ့အဖြစ် အောင်နိုင်ရေး သီချင်းတွေနဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ မဲဆန္ဒနယ် ၆ ခုကို လှည့်လည် စည်းရုံး ခဲ့ပါတယ်။ အလားတူပဲ တခြား နိုင်ငံရေးပါတီတွေကလည်း
သူတို့ပါဝင်ယှဉ်ပြိုင်မယ့် နယ်မြေတွေမှာ လှည့်လည်စည်းရုံးနေပါတယ်။
တနိုင်ငံလုံး လက်ရှိ ဖြစ်ပေါ်နေတဲ့အခြေအနေတွေအရ အခု ကြားဖြတ်ရွေးကောက်ပွဲဟာ စစ်မှန်ပြီး တရားမျှတမှု ရှိပါ့မလားလို့ ပြည်တွင်း ပြည်ပ အကဲခတ် ပုဂ္ဂိုလ်တွေက သံသယရှိနေပါတယ်။
ဒီနေ့ ညနေပိုင်းက ကော့မှူးမြို့ကို ရောက်ရှိနေတဲ့ အာအက်ဖ်အေ အဖွဲ့သား ဦးခင်မောင်စိုးကို ဝါရှင်တန် ဒီစီမြို့ရုံးချုပ် ကနေ ဦးခင်မောင်ညိန်းက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
နေပြည်တော်မှာ ရောက်ရှိနေတဲ့ အာအက်ဖ်အေ အဖွဲ့သား ဦးကျော်ကျော်အောင်ကလည်း နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် အန်အယ်လ်ဒီ ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကို တွေ့ဆုံမေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |