ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုပြုလွှာ ကော်မရှင်ရုံးစစ်ဆေး

ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ ဒီကနေ့ မေးခွန်းတွေ ဖြေကြားပြီးတဲ့နောက် ဧပြီလ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင် ယှဉ်ပြိုင်ခွင့်အတွက် ကော်မရှင်က လူတွေ့ စစ်ဆေး တယ်လို့ သိရပါတယ်။

ဧပြီလ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရေး မှတ်ပုံတင်ရန် အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သံလျင်မြို့ တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ဖေဖော်ဝါရီလ ၆ ရက်နေ့က လူတွေ့မေးမြန်းနေစဉ်။ RFA

ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်းအဖြစ် ခွင့်ပြုဖို့ ဒီကနေ့ သံလျင်မြို့ တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်က လူ့တွေ့ မေးမြန်းတာနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ဝင်ရောက်နိုင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံခြင်း ရှိမရှိ ခရိုင်ကော်မရှင် ဥက္ကဋ္ဌက တစ်ချက်ချင်း မေးမြန်းပြီး အချက်အလက် အားလုံးကို စိစစ်ပြီးသွားကြောင်း၊ စိစစ်တဲ့ကိစ္စက ကော်မရှင်က ကြေညာမှ အတည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး အကြီးအကဲ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ကော့မှူးမြို့နယ် မဲဆန္ဒနယ်မြေကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် ဝါးသိင်္ခရွာက မိသားစုတစ်စု အိမ်ထောင်စု စာရင်းဝင်အဖြစ် စာရင်းသွင်းထားပါတယ်။

လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၄၈ နေရာ ရှိပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နေရာအားလုံးမှာ ဝင်ပြိုင်ပါမယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org