ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံကို ဝင်ရောက်ဖွယ်ရှိ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်သမ္မတ Francois Hollande ရဲ့ ဖိတ်ကြားချက်အရ ဒီလ ၂၆ ရက်နေ့ကနေ ၂၉ နေ့အတွင်း ပြင်သစ်နိုင်ငံကို အလည်အပတ် လာရောက်မယ်လို့ ပြင်သစ် သမ္မတရုံးက မနေ့က ကြေညာပါတယ်။
-
2012-06-05 -
-
-
အဲဒီကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေးနဲ့လူ့အခွင့်အရေး ကြိုးပမ်းမှုတွေကို ပြင်သစ်နိုင်ငံက ဒီခရီးစဉ်မှာ ဂုဏ်ပြုခွင့် ရမှာဖြစ်သလို မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို ပြင်သစ်နိုင်ငံက ဆက်လက်ပံ့ပိုး ကူညီသွားဖို့ ထပ်လောင်း အတည်ပြုခွင့်လည်း ရမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြင်သစ်ခရီးစဉ်နဲ့ ပတ်သက်ပြီး အတည်မပြုနိုင်သေးကြောင်း လုံခြုံရေး တာဝန်ခံ ဦးခွန်သာမြင့်က ပြောပါတယ်။