မန္တလေးခရီးစဉ် ရွှေ့ဆိုင်းခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း

မန္တလေးမြို့ကို သွားရောက်မယ့် ခရီးစဉ်ရက်ရွှေ့ဆိုင်းပြီး အဆင်ပြေအောင် ပြုလုပ်ခဲ့တဲ့အတွက် အာဏာပိုင်တွေဘက်က နားလည်မှုပိုမိုရရှိလာမယ်လို့ မျှော်လင့်ကြောင်း အန်အယ်လ်ဒီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောဆိုလိုက်ပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့က တနင်္သာရီတိုင်း ထားဝယ်မြို့ခရီးစဉ်အတွင်း ထားဝယ်မြို့ခံ ပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေပုံ။ DaweiMyoDaw Facebook Page

ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ် ရွှေ့ဆိုင်းရတဲ့အတွက် ဒေသခံတွေကလည်း စိတ်မကောင်းဖြစ်ကြတယ်လို့ မန္တလေးကိုရောက်နေတဲ့ ပါတီပြန်ကြားရေးတာဝန်ခံ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအုန်းကြိုင်ကပြောပါတယ်။ မန္တလေးနဲ့ စစ်ကိုင်းတိုင်း ပါတီစည်းရုံးရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့တာဝန်ပေးချက်အရ အန်အယ်လ်ဒီသဘာပတိအဖွဲ့ဝင် ဦးဝင်းတင်နဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအုန်းကြိုင်ဟာ ၄ ရက်ကြာခရီးစဉ်အဖြစ်မန္တလေးမြို့ကို ရောက်ရှိနေပါတယ်။

ဦးဝင်းတင်နဲ့ ဦးအုန်းကြိုင်ဟာ ဒီကနေ့မနက်ပိုင်းမှာ မန္တလေးမြို့နယ် အန်အယ်လ်ဒီပါတီနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးရုံးတွေကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီနောက် စစ်ကိုင်းမြို့ကိုသွားရောက်ပြီး ပါတီစည်းရုံးရေးနဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဦးအုန်းကြိုင်ကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org