အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တိုင်းအဆင့် ညီလာခံ ကျင်းပရေး ရှင်းလင်း
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တိုင်းအဆင့် ညီလာခံ ကျင်းပရေး ကော်မရှင်တွေ အတွက် ညီလာခံ ကျင်းပရေး စီမံချက် ရှင်းလင်းပွဲကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီ ခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
-
2012-10-17 -

အဲဒီ အစည်းအဝေးမှာ NLD ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံကို လာမည့် ဒီဇင်ဘာလ သို့မဟုတ် နောက်နှစ် ဇန်နဝါရီလထဲမှာ ကျင်းပသွားဖို့ ရှိတယ်လို့ ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ရှင်းလင်းပွဲကို NLD ပါတီ ညီလာခံ ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အတွင်းရေးမှူး ဦးဉာဏ်ဝင်းတို့ တက်ရောက်ခဲ့ကြပါတယ်။ ပါတီတွင်း ပြဿနာတွေကို ပါတီတွင်းမှာပဲ ဖြေရှင်းနိုင်ဖို့ ကြိုးစားရမယ်လို့ ဦးဉာဏ်ဝင်းက တက်ရောက်လာတဲ့ NLD ပါတီ ကိုယ်စားလှယ်တွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ညီလာခံ ကျင်းပရေး စီမံချက် ရှင်းလင်းပွဲကို ရန်ကုန်တိုင်းဒေသကြီးက ညီလာခံ ကိုယ်စားလှယ် ၆၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။