ပုပ်ရဟန်းမင်းကြီးရဲ့ အထူးကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ

ဗာတီကန် ပုပ်ရဟန်းမင်းကြီး Benedict ရဲ့အထူးကိုယ်စားလှယ် ဂိုဏ်းချုပ်ဘုန်းတော်ကြီး Martino ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ တွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံက နိုင်ငံရေး၊ ဘာသာရေး အခြေအနေတွေနဲ့ ပတ်သက်တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ အမှာစကား လက်ဆောင်ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်၊ ရန်ကုန်မြို့ စိန့်မေရီ ကက်သလစ် ခရစ်ယာန် ဘုရားရှိခိုးကျောင်း နှစ်တစ်ရာပြည့် အခမ်းအနားသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ်။ RFA

မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာတဲ့ ဂိုဏ်းချုပ်ဘုန်းတော်ကြီး Martino ဟာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဆက်ဆံရေး ပွင့်လင်းလာတဲ့ လက်ရှိမြန်မာနိုင်ငံက အခြေအနေတွေအအတွက် Vatican က ကောင်းချီးပေးလိုက်တာလို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပုပ်ရဟန်းမင်းကြီးရဲ့ အထူးကိုယ်စားလှယ်နဲ့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ စိန့်မေရီ ကက်သလစ် ခရစ်ယာန် ဘုရားရှိခိုးကျောင်း နှစ်တစ်ရာပြည့် အခမ်းအနားမှာ တွေ့ဆုံခဲ့တာပါ။ ရန်ုကုန် ကက်သလစ် အသင်းတော်ရဲ့ ဖိတ်ကြားချက်အရ သွားတာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးအုံးကြိုင်က ပြောပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org