ထိုင်းနိုင်ငံမှာ ခိုလှုံခွင့် တင်းကျပ်

ထိုင်းနိုင်ငံရောက် မြန်မာအတိုက်အခံနဲ့ ဒုက္ခသည်တွေကို အရေအတွက် အနည်း အကျဉ်းပဲ အချိန်အကန့်အသတ်နဲ့ လက်ခံသွားမယ့်အကြောင်း ထိုင်းအစိုးရက ဘန်ကောက်မြို့မှာရှိတဲ့ နိုင်ငံခြားသံရုံးတွေကို အသိပေးထားတယ်လို့ Asia News သတင်းမှာ ဒီကနေ့ဖေါ်ပြထားပါတယ်။

စစ်ကောင်စီတပ်က လေယာဥ်နဲ့ ပစ်ခတ်တာကြောင့် ထိုင်းဘက်ထွက်ပြေးလာကြတဲ့ ကရင်ဒုက္ခသည်တွေကို မတ်လက တွေ့ရစဥ်

ထိုင်းနိုင်ငံရောက် မြန်မာအတိုက်အခံနဲ့ ဒုက္ခသည်တွေကို အရေအတွက် အနည်းအကျဉ်းပဲ အချိန်အကန့် အသတ်နဲ့ လက်ခံသွားမယ့်အကြောင်း ထိုင်းအစိုးရက ဘန်ကောက်မြို့မှာရှိတဲ့ နိုင်ငံခြားသံရုံးတွေကို အသိပေးထားတယ်လို့ Asia News သတင်းမှာ ဒီကနေ့ဖေါ်ပြထားပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ရန်ပုံငွေ ကူညီမှုတွေရှိနေသရွေ့ ထိုင်းနိုင်ငံအတွင်း ခိုလှုံမယ့် လူအနည်းငယ်ကိုပဲ အချိန်အကန့်အသတ်ထားပြီး လက်ခံသွားမယ်လို့ဆိုပါတယ်။

အရင်ကတော့ မြန်မာ နိုင်ငံအတွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ထွက်ပြေးခိုလှုံလာတဲ့ မြန်မာနိုင်ငံ သား အများအပြားကို ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေဖွင့်ပြီး လက်ခံခဲ့တာပါ။ အခုချိန်မှာတော့ ကိုဗစ်ကပ် ရောဂါဖြစ်ပွားနေတဲ့အပြင် ထိုင်းနဲ့မြန်မာ စစ်တပ်နှစ်ခုအကြားက ဆက်ဆံရေးဟာ အရင်ကထက် ပိုနီးနီးကပ် ကပ်ရှိနေပြီး ထိုင်းအာဏာသိမ်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့အကြားက ပုဂ္ဂိုလ်ရေးရင်းနှီးမှုကလည်း နီးနီးကပ်ကပ်ရှိနေတာကြောင့် မြန်မာနိုင်ငံက တရားမဝင်ရောက်လာတဲ့ နိုင်ငံရေးအတိုက်အခံတွေနဲ့ ဒုက္ခသည်တွေအပေါ် တင်းကျပ်မှုတွေ တိုးလာနေတယ်လို့ Asia News သတင်းမှာ ဖေါ်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org