မြင်းခြံကဘောလုံးပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း မြင်းခြံမြို့နယ် အနိမ့်ကျေးရွာမှာ ဖေဖော်ဝါရီ ၄ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ဗိုလ်ကြီးအဆင့် အပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့ Myaung Fighter Defense Force အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နေပြည်တော်မှာ ၂၀၂၁၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့က တွေ့ရစဉ် Photo: STR / AFP

မန္တလေးတိုင်း မြင်းခြံမြို့နယ် အနိမ့်ကျေးရွာမှာ ဖေဖော်ဝါရီ ၄ ရက်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ဗိုလ်ကြီးအဆင့် အပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့ Myaung Fighter Defense Force အဖွဲ့က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းတာ တစ်နှစ်ပြည့် အထိမ်းအမှတ်လုပ်တဲ့ ဘောလုံးပွဲမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတို့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ Myaung Fighter Defense Force က ဗိုလ်လက်ျာ က ပြောပါတယ်။

"အကောင်ကြီး တစ်ဦးကျတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီး သုံးဘီးနဲ့ သယ်နေတယ်လို့ ရွာခံတစ်ဦးက ‌ပြောတယ်။ အဖွဲ့သားတွေ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ပါတယ်"

မိုင်းနှစ်လုံး ဖောက်ခွဲခဲ့ရာမှာ ဒုတိယအကြိမ် မိုင်းဆွဲတဲ့အခါမှ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တာလို့ ပြောပါတယ်။

Myaung Fighter Defence Force အဖွဲ့နဲ့ MGN 35 ‌ပြောက်ကျားတပ် မဟာမိတ် ညီနောင်နှစ်ဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့လည်း ပြောပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သတ်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org