ကလေးစစ်သားဟောင်းအမှု နောက်ဆုံးလျှောက်လဲချက်တင်ဖို့ရက် သတ်မှတ်

ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တပ်မတော်က တရားစွဲဆိုထားတဲ့အမှုအတွက် လာမယ့် မတ်လ ၂၀ ရက်နေ့မှာ တရားလိုနဲ့ တရားစွဲခံရသူနှစ်ဖက်လုံး နောက်ဆုံး လျှောက်လဲချက်တင်ဖို့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားသူကြီးက ဒီနေ့ရုံးချိန်းမှာ အသိပေးလိုက်ပါတယ်။

ကိုအောင်ကိုထွေး ကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားရုံးမှာ ၂၀၁၈ ခုနှစ် မတ်လ ၁၃ ရက်နေ့က ရုံးထုတ်အပြီးတွေ့ရစဉ် Photo: Wai Mar Tun/RFA

ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တပ်မတော်က တရားစွဲဆိုထားတဲ့အမှုအတွက် လာမယ့် မတ်လ ၂၀ ရက်နေ့မှာ တရားလိုနဲ့ တရားစွဲခံရသူနှစ်ဖက်လုံး နောက်ဆုံး လျှောက်လဲချက်တင်ဖို့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားသူကြီးက ဒီနေ့ရုံးချိန်းမှာ အသိပေးလိုက်ပါတယ်။

ကိုအောင်ကိုထွေးက တရားရုံးကို သပိတ်မှောက်ထားတဲ့အတွက် အမှုနဲ့ ပတ်သက်ပြီး တရားခွင်မှာ တစ်စုံတရာထွက်ဆိုမှု မရှိတော့ဘူးလို့ ကိုအောင်ကိုထွေးရဲ့ အမဖြစ်သူ မအေးဇာဝင်း က ပြောပါတယ်။

" ၂၀ ရက်နေ့ကို နောက်ဆုံးလျှောက်လွဲချက် အဲလိုတော့ပြောတယ်။ ဘာမှမသိရဘူး။ ဒီဘက်က ဘာမှ ပြောဆိုတာ မရှိတော့ဘူးလေ။ သူတို့ဘက်ကပဲ လုပ်ဖို့ပဲရှိတော့တယ်။ အောင်ကိုထွေးဘက်က ခုနပြောသလို ဘာမှပြောစရာမရှိတော့ဘူး။ သူတို့ဘက်ကတော့ လာတယ်။ ဘယ်နေ့ဆိုပြီး ရုံးချိန်းချိန်းတယ်။ ပြန်ခေါ်သွားတယ်။ ဘာမှ အမိန့်ချမယ်လို့ မပြောဘူး။ ပထမတစ်ချီလည်း၊ အခုတစ်ချိန်းလည်း ၂၀ ရက်နေ့ကို လျှောက်လွှဲချက် နောက်ဆုံးပေါ့နော်ဆိုပြီးတော့ အမိန့်ချမယ်ဆိုတဲ့ အကြောင်းတော့ မပြောဘူး အမတို့ကို"

တပ်မတော်မှာ သူနဲ့ဘဝတူ ကလေးစစ်သားတွေ အများအပြားရှိကြောင်း၊ မှန်ကန်တဲ့တရားစီရင်မှုကို လက်ရှိအချိန် အထိ မရသေးကြောင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးက ဒီနေ့ ရုံးထုတ်မှာ သတင်းမီဒီယာတွေကို ပြောပါတယ်။

ကိုအောင်ကိုထွေးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ တပ်မတော်က တရားစွဲဆိုထားတာကြောင့် အင်းစိန် အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာ ၇ လနီးပါးကြာမြင့်နေပြီ ဖြစ်ပါတယ်။

ပုဒ်မ ၅၀၅ (ခ)ကို တရားရင်ဆိုင်နေစဉ်ကာလမှာ တရားရုံးမထီမဲ့မြင်မှု ထပ်တိုးပုဒ်မ ၂၂၈ နဲ့ ပြီးခဲ့တဲ့ ဖေဖော် ဝါရီလ ၁၄ ရက်နေ့က ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပြီး လက်ရှိမှာ တရားရုံးက ကျန်ရှိနေတဲ့ ပုဒ်မ ၅၀၅(ခ) အတွက် အမိန့်ချဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org