ကိုအောင်ကိုထွေးအစ်မနဲ့ ဝန်းရံသူ နှစ်ဦး အမှု

ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးရဲ့ အစ်မဖြစ်သူ မနေဇာထွန်းနဲ့ ဝန်းရံသူ နှစ်ဦး အမှုမှာ တရားလိုတင်သွင်းတဲ့ သက်သေခံပစ္စည်းကို တရားစွဲဆိုခံရသူတွေဘက်က ကန့်ကွက်လိုက် ပါတယ်။

ကိုအောင်ကိုထွေးအစ်မ မနေဇာထွန်းနဲ့ ဝန်းရံသူတွေကို အချုပ်ကားပေါ်မှာ ၂၀၁၉ ဇူလိုင် ၃၀ ရက်နေ့ကတွေ့ရစဉ် Photo: Aung Thain Kha/RFA

ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးရဲ့ အစ်မဖြစ်သူ မနေဇာထွန်းနဲ့ ဝန်းရံသူ နှစ်ဦး အမှုမှာ တရားလို တင်သွင်းတဲ့ သက်သေခံပစ္စည်းကို တရားစွဲဆိုခံရသူတွေဘက်က ကန့်ကွက်လိုက်ပါတယ်။

ဓာတ်ပုံနဲ့ အသံဖိုင်တွေပါဝင်တဲ့ CD တစ်ခွေကို တရားလိုဖြစ်တဲ့ ရဲမှူးချုပ်မောင်မောင်က ဒီနေ့ တရားရုံးကို တင်သွင်းခဲ့တဲ့အပေါ် ကန့်ကွက်ခဲ့တာလို့ စွပ်စွဲခံရသူတွေရဲ့ တရားလွှတ်တော် ရှေ့နေ ဦးဇော်မင်းလှိုင်က ပြောပါတယ်။ သက်သေခံတင်သွင်းတဲ့ လုပ်ထုံးလုပ်နည်းနဲ့ မညီတာကြောင့် ကန့်ကွက်ခဲ့တာလို့ ဆိုပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရုန်းရင်းဆန်ခတ်ဖြစ်စေရန် ရည်ရွယ်ရန်စမှုတွေနဲ့ တရားစွဲဆိုခံထားရတဲ့ မနေဇာထွန်းအပါအဝင် ၃ ဦးကို ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တရားရုံးမှာ ဒီနေ့ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ ရုံးထုတ်လာသူတွေက ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်သူတွေ အားလုံးပါဝင်ပေးဖို့ တောင်းဆိုခဲ့ ကြပါတယ်။ ကိုအောင်ကိုထွေးရဲ့ အစ်မဖြစ်သူ မနေဇာထွန်းဟာ အစာအိမ်မကောင်းတဲ့အတွက် ထောင်အတွင်းမှာ ကျန်းမာရေးမကောင်းဖြစ်နေကြောင်း ထောင်အတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်လို့ ဂရုစိုက်မှုအား နည်းကြောင်း မနေဇာထွန်းက ပြောပါတယ်။

နောက်ထပ်ရုံးချိန်းကို သြဂုတ်လ ၆ ရက်နေ့မှာ ပြန်လည် ချိန်းဆိုထားပါတယ်။

(RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org