ကိုအောင်ကိုထွေး သမ္မတထံစာပို့၊ တရားရုံးသပိတ်မှောက်မှုကို ယာယီရပ်ဆိုင်း

နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ ပုဒ်မ (၇) နဲ့ ဆက်လက်တရားရင်ဆိုင်နေရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးက မတရားဖမ်းဆီးတရားစွဲခံရမှုတွေ အတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ တိုင်ကြားစာပို့ထားပြီး ဒီကာလအတွင်း တရားရုံးသပိတ်မှောက်မှုကို ယာယီရပ်ဆိုင်းလိုက်ပါတယ်။

ကိုအောင်ကိုထွေး ကို ၂၀၁၈ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က တွေ့ရစဉ် Photo: Aung Thin Kha/RFA

နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ ပုဒ်မ (၇) နဲ့ ဆက်လက်တရားရင်ဆိုင်နေရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးက မတရားဖမ်းဆီးတရားစွဲခံရမှုတွေအတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ တိုင်ကြားစာ ပို့ထားပြီး ဒီကာလအတွင်း တရားရုံးသပိတ်မှောက်မှုကို ယာယီရပ်ဆိုင်းလိုက်ပါတယ်။

နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေနဲ့ ထပ်မံတရားစွဲဆိုခံရမှုအတွက် ရှေ့နေနဲ့ ရင်ဆိုင်ဖြေရှင်းသွားမယ်လို့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး ကဒီနေ့ရုံးထုတ်မှာ မီဒီယာတွေကို ပြောပါတယ်။

“အခုဆက်လက်ပြီး ပုဒ်မ ၇ နဲ့ ကျနော်ကို နိုင်ငံတော်တံဆိပ်ခေါင်းအမှုနဲ့ ထပ်ပြီး ဒီတရားရုံးမှာ မြို့နယ်မှူး ဦးမောင်မောင်က ဆက်လက်ပြီးတော့ တရားစွဲဆိုထားတယ်။ အဲဒီအပေါ်မှာ ကျနော့်အနေနဲ့ ရှေ့နေ နဲ့ ချေပမှာ ဖြစ်တယ်။ကျနော်က တရားရုံးက သပိတ်မှောက်ထားတာဖြစ်တဲ့အတွက် တရားရုံးကို သပိတ် မလှန်သေးပါဘူး။ နိုင်ငံတော်သမ္မတကြီး နိုင်ငံတော်သမ္မတဖြစ်တဲ့နေ့မှာပဲ ကျနော်ဟာ ဆက်ပြီးတော့ လူ့အခွင့်အရေးချိုးဖောက် ခံခဲ့ရတယ်။ ထောင်ဒဏ် အမြင့်ဆုံး ၂ နှစ် ၅၀၅(ခ) အပေါ်မှာ ချခံခဲ့ရတယ်။ အဲ့ဒီအပေါ်မှာ နိုင်ငံတော်သမ္မတ ဆီကိုလည်း ကျနော့်တိုင်စာတိုင်ထားပါတယ်။ တိုင်စာအဖြေ ကို စောင့်နေရင်းနဲ့ လောလောဆယ် တရားရုံး သပိတ်မှောက်တာကို ကျနော်ရပ်ဆိုင်းထားတာဖြစ်တယ်”

လက်ရှိတရားစွဲခံထားရတဲ့ ပုဒ်မ (၇) အမှုကို တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က လိုက်ပါဆောင် ရွက်ဖို့ ဒီနေ့တရားရုံးမှာ လျှောက်ထားခဲ့ရာ တရားသူကြီးက ခွင့်ပြုခဲ့ပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) နဲ့ ၇ လကျော်အကြာ တရားရင်ဆိုင်အပြီး ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် နေ့က ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားသူကြီး ဦးချစ်ကိုကို က ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ထားတာဖြစ်ပါတယ်။

ထောင်ဒဏ် ၂ နှစ်ချမှတ်အပြီးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့က တရားရုံးထုတ်မှာ ကိုအောင်ကိုထွေးက ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ခြေထောက်နဲ့ နင်းခဲ့တဲ့အတွက် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှူး ရဲမှူး မောင်မောင်က နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ ပုဒ်မ (၇) နဲ့ အမှုထပ်မံဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ ကိုအောင်ကိုထွေးကို အမှုစစ်ဆေးနေတဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားသူကြီး ဦးချစ်ကိုကို ကလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကိုအောင်ကိုထွေးကို တရားရုံးမထီမဲ့မြင်မှု ပုဒ်မ ၂၂၈ နဲ့ တရားစွဲဆိုပြီး ဒုတိယမြို့နယ်တရားသူကြီး (၁) ဒေါ်ထက်ထက်အောင်က ထောင်ဒဏ် ၆ လ ချမှတ်ထားပါတယ်။

ကိုအောင်ကိုထွေးကို တပ်မတော်က ဒုတိယ ဗိုလ်မှူးကြီး မျိုးမြင့်အောင်၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားသူကြီး ဦးချစ်ကိုကို နဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်မှူး ရဲမှူး မောင်မောင်တို့က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org