ကချင် နိုင်ပြီ

ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံမှာ မနေ့ညနေက ကျင်းပခဲ့တဲ့ MMA ဘက်စုံကိုယ်ခံပညာပြိုင်ပွဲမှာ မြန်မာ့ စပါးကြီးမြွေလို့ နာမည်ကြီးတဲ့ ကချင် တိုင်းရင်းသား အမေရိကန်နိုင်ငံသား အောင်လအန်ဆန်းက အီဂျစ် ကိုယ်ခံအားကစားသမား မိုဟာမက်အလီကို တချီ တည်းနဲ့ ပွဲသိမ်းအနိုင်ရလိုက်ပါတယ်။

မြန်မာ့စပါးကြီးမြွေလို့ နာမည်ကြီးတဲ့ ကချင်တိုင်းရင်းသား အမေရိကန်နိုင်ငံသား အောင်လအန်ဆန်းကို မတ်လ ၁၈ ရက်နေ့ညက ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံမှာ တွေ့ရစဉ် .

ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံမှာ မနေ့ညနေက ကျင်းပခဲ့တဲ့ MMA ဘက်စုံကိုယ်ခံပညာပြိုင်ပွဲမှာ မြန်မာ့ စပါးကြီးမြွေလို့ နာမည်ကြီးတဲ့ ကချင်တိုင်းရင်းသား အမေရိကန်နိုင်ငံသား အောင်လအန်ဆန်းက အီဂျစ် ကိုယ်ခံအားကစားသမား မိုဟာမက်အလီကို တချီတည်းနဲ့ ပွဲသိမ်းအနိုင်ရလိုက်ပါတယ်။

ပွဲစပြီး မကြာခင်မှာပဲ မိုဟာမက်အလီ တချက်မှားသွားခဲ့ပါတယ်။ အောင်လအန်ဆန်းက ပြိုင်ဘက် သူ့ကို ၂ မိနစ် နဲ့ ၃၈ စက္ကန့်မှာ ကြမ်းပေါ်လဲှပြီး လှုပ်မရအောင် ထိန်းချုပ်အနိုင်ရလိုက်တာပါ။ အတွေ့အကြုံနဲ့ ပညာပြည့်ဝပြီးသားဖြစ် တဲ့ အောင်လအန်ဆန်းက  ပြိုင်ဘက်ရဲ့ဟာကွက်ကို ကြုံတွေ့တာနဲ့ အခွင့်ရေးကို အမိအရယူပြီး အနိုင်ရသွားတာဖြစ် တယ်လို့ ဝေဖန်သူတွေကပြောပါတယ်။

အဲ့ဒီပွဲကို မြန်မာပရိသတ်တွေ အကြီးအကျယ်အားပေးခဲ့ကြပါတယ်။ ပွဲပြီးချိန်မှာ ဒီအောင်ပွဲဟာ မိမိရဲ့အောင်ပွဲ မဟုတ်ပဲ မြန်မာတွေရဲ့အောင်ပွဲဖြစ်ပါတယ်လို့ အောင်လအန်ဆန်းက ပရိသတ်ကို ပြောလိုက်ပါတယ်။ သူဟာ အသက် ၁၈ နှစ်သားအရွယ်မှာ မြန်မာနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အခု အသက် ၃ဝ ရှိပြီဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org