အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ် မှုမှာ သေဆုံးသူ ၃၈ ဦးအထိ ရှိနေ

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မိချောင်း တွင်းကျေးရွာအနီး မှာ အောင်စိုးမိုးကျော် ရေယာဉ် နစ်မြုပ်မှုကြောင့် ဒီနေ့ အထိ သေဆုံးသူ ၃၈ ဦးရှိနေ ပြီလို့ ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးထွန်းထွန်းဝင်း က ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မိချောင်းတွင်းရွာအနီးမှာ မြုပ်သွားတဲ့ အောင်စိုးမိုးကျော်ရေယာဉ် ပြန်လည်ဆယ်ယူနေတာ ကို အောက်တိုဘာလ ၁၈ ရက်နေ့က တွေ့ရစဉ် Photo: Myanmar Fire Services Department Facebook

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မိချောင်းတွင်းကျေးရွာအနီးမှာ အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်မှုကြောင့် ဒီနေ့အထိ သေဆုံးသူ ၃၈ ဦးရှိနေပြီလို့ ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြောပါတယ်။

ရေယာဉ်မြုပ်တဲ့နေ့ကစပြီး ဒီနေ့အထိ ရှာဖွေတွေ့ရှိထားတဲ့ ရုပ်အလောင်းတွေကို ဒီကနေ့ သဂြိုဟ်လိုက်ပြီလို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြောပါတယ်။

" ဒီနေ့ နေ့လယ် ၁၂ နာရီအချိန်မှာ အကုန်လုံး မီးသဂြိုဟ်တာပေါ့နော်။ ကြေညာထားပြီးတော့။ အချို့တွေကိုတော့မှတ်တမ်းတွေ၊  Record တွေလုပ်ထားတယ်။ အကျီအဝတ်အစား အရောင်ကအစ။ ပြီးတော့ ကနီမြို့နယ် မီးသတ်တပ်ဖွဲ့ရုံးမှာလည်း ဓာတ်ပုံတွေနဲ့ ပိုင်ရှင်မဲ့အလောင်းတွေရော၊ ပိုင်ရှင်ရှိတဲ့ အလောင်းတွေရော ချိတ်ထားတယ်။ ကင်းအုပ်စု မိချောင်းတွင်းရွာမှာလည်း အဲ့လို ဓာတ်ပုံတွေနဲ့ ချိတ် ထားတယ်။ ကိုင်တွယ်ဖို့ခက်တဲ့ အလောင်းတွေကို ဒီနေ့နေ့လယ် ၁၂ နာရီအချိန်မှာ အကုန်လုံး မြေမြုပ် တာတို့ မီးသဂြိုဟ်တာတို့ ၄ နေရာခွဲလုပ်တာပေါ့နော်။" လို့ ပြောတာဖြစ်ပါတယ်။

နစ်မြုပ်နေတဲ့ ရေယာဉ်ကို ကရိန်းစက် ၃ လုံးနဲ့ ဆယ်ယူနေပေမယ့် ရေယာဉ်ရဲ့အလေးချိန်နဲ့ မမျှတဲ့အတွက် ကြိုးတွေပြတ်ကျတာကြောင့် ဒီနေ့ညနေအထိ ရေယာဉ်ရဲ့ နောက်မြီးပိုင်းကိုသာဆယ်လို့ရပြီး တစ်စီးလုံးဆယ်ဖို့ ကြိုးစားနေကြပါတယ်။

သေဆုံးသူတွေအတွက် ရည်စူးပြီး ရက်လည်ဆွမ်းသွတ် ပရိတ်တရားနာယူပွဲလုပ်မှာဖြစ်ပြီး ချင်းတွင်းမြစ်ကြောင်း မှာလည်း သံဃာတော်တွေက ပရိတ်ရွတ်ဖတ်မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့မနက် ၅နာရီခန့်က ဟုမ္မလင်းမြို့ကနေ မုံရွာမြို့ကို ပြေးဆွဲတဲ့ အောင်စိုး မိုးကျော်ရေယာဉ်နစ်မြုပ်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ ၁၅၀ ကျော်ကို ကယ်ဆယ်ထားပြီး ပျောက်ဆုံးနေသူ ၁၅၀ ကျော်ရှိမယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org