ဖမ်းဆီးခံရတဲ့ပုဂ္ဂိုလ် USDP ပါတီကနေ နုတ်ထွက်ထားသူဖြစ်

ARSA အကြမ်းဖက်အဖွဲ့တွေကို ကူညီထောက်ပံ့မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ရှိုင်းဆောက်လုပ်ရေး ကုမ္ပဏီ ဥက္ကဌ ဦးအောင်ဇော်ဝင်းဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မကျင်းပခင်ကတည်းက ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကနေ နုတ်ထွက်ထားသူဖြစ်တာကြောင့် ပါတီနဲ့ပတ်သက်မှု မရှိတော့ဘူးလို့ ပါတီပြောရေး ဆိုခွင့်ရှိသူက ဒီနေ့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ဦးအောင်ဇော်ဝင်း (ခ)ဇော်ကိရ်အာမက် ကို တွေ့ရစဉ် ဓါတ်ပုံ - ရဲဇာနည် ဖေ့ဘွတ်

ARSA အကြမ်းဖက်အဖွဲ့တွေကို ကူညီထောက်ပံ့မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဌ ဦးအောင်ဇော်ဝင်းဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မကျင်းပခင်ကတည်းက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကနေ နုတ်ထွက်ထားသူဖြစ်တာကြောင့် ပါတီနဲ့ပတ်သက်မှု မရှိတော့ဘူးလို့ ပါတီပြောရေးဆိုခွင့်ရှိသူက ဒီနေ့ ပြောပါတယ်။

ဥပဒေဖျောက်ဖျက်တယ်လို့ စစ်ဆေးပေါ်ပေါက်တဲ့အခါ တည်ဆဲဥပဒေအရ အရေးယူမှုရှိလာရင်လည်း ပါတီအနေနဲ့ ဝေဖန်ပြောစရာအကြောင်းမရှိဘူးလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

"ဦးအောင်ဇော်ဝင်းက ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ကျနော်တို့ပါတီကနေ သူရဲ့ဆန္ဒ အရ နုတ်ထွက်ထားတယ်ပေါ့။ အခုဖြစ်တဲ့ဖြစ်စဉ်ဟာလည်း ဥပဒေကိုဖောက်ဖျက်တယ်။ အကြမ်းဖက် အဖွဲ့ကို ကူညီပံ့ပိုးတယ်ဆိုရင်လည်းပဲ တည်ဆဲဥပဒေအရ ဥပဒေနဲ့အညီပဲ အရေးယူဆောင်ရွက်သွား ဖို့ဖြစ်တယ်။ ကျနော်တို့အနေနဲ့က ဘာမှသီးခြားပြောစရာမရှိဘူး။ ပါတီနဲ့လည်း ပတ်သက်မှုမရှိဘူးလို့ပဲ ကျနော်တို့က ပြောရမှာပဲ။ ဥပဒေတစ်ရပ်ကို ဖောက်ဖျက်တယ်ဆိုရင် ဥပဒေနဲ့ အညီပဲ အရေးယူခံရ မှာပေါ့။ ဒီပေါ်မှာလည်း ကျနော်တို့က ဘာမှ ဝေဖန်စရာမရှိဘူး"

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ အကြမ်းဖက်အဖွဲ့တွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အားမပေးဘဲ အမြဲရှုတ်ချသွားမှာဖြစ် တယ်လို့ ပြောပါတယ်။

ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဌ ဦးအောင်ဇော်ဝင်းဟာ ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော် သက်တမ်းအတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ် ပါတယ်။

ဦးအောင်ဇော်ဝင်းဟာ မောင်တောဒေသမှာ ၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ ပါဝင်ခဲ့သူတွေကို ကူညီထောက်ပံ့ပေးမှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးမိတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org