မြန်မာ့စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ သြစတြေးလျ စိတ်ဝင်စားနေ

သြစတြေးလျ နိုင်ငံက မြန်မာနိုင်ငံမှာ စွမ်းအင် ရှာဖွေရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံရေးအတွက် ပြည်ပနိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်လိုကြောင်း သြစတြေးလျဝန်ကြီး က အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ညီလာခံမှာ မနေ့က ပြောပါတယ်။

သြစတြေးလျ စွမ်းအင်၊ အရင်းအမြစ်နဲ့ ခရီးသွားလုပ်ငန်း ဝန်ကြီး Martin Ferguson ဖြစ်ပါသည်။ Photo courtesy of martinferguson.com.au

မနေ့က WEF ညီလာခံ အပြီး အလွတ်သဘော ပြောရာမှာ သြစတြေးလျ စွမ်းအင်၊ အရင်းအမြစ်နဲ့ ခရီးသွားလုပ်ငန်း ဝန်ကြီး Martin Ferguson က သြစတြေးလျ နိုင်ငံက သတ္တုတွင်းနဲ့ရေနံကုမ္ပဏီတွေကို ထိုင်းနိုင်ငံ က PTT ကုမ္ပဏီ၊ အမေရိကန် အခြေစိုက် Chevron ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ အားပေးတိုက်တွန်းတယ်လို့ဆိုပါတယ်။

စွမ်းအင် အရင်းအမြစ်အတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကြီးမားတဲ့အတွက် နည်းပညာကျွမ်းကျင်မှု၊ ကုန်ကျစရိတ်နဲ့အရဲစွန့်လုပ်ရတာကို မိမိတို့က စိုက်ထုတ်မယ်လို့ဆိုပါတယ်။

ဒါ့အပြင် Mr.Fergusen က ရင်းနှီးမြှုပ်နှံလိုတဲ့ သူတွေအနေနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ ဘဏ္ဍာရေး မူဝါဒ ချမှတ်မှုတွေ ပေါ်ထွက်လာဖို့မျှော်လင့်နေသလို သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ ဥပဒေတွေလည်း ခိုင်မာမှု ရှိဖို့ အရေးကြီးတယ်လို့ ပြောဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org