သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံကို လာရောက်မည်

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr ဟာ မြန်မာနိုင်ငံကို နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ဇူလိုင်လ ၁ဝ ရက်နေ့မှာ လာရောက်ဖို့ရှိပြီး၊ ဒီခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး Bob Carr ဟာ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အပြင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပါ တွေ့ဆုံဆွေးနွေးမယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ သတင်း ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်၊ နှစ်နိုင်ငံစီးပွားရေးရာကိစ္စ၊ ပညာရေးဖွံ့ဖြိုးမှုဆိုင်ရာ နိုင်ငံတကာ အကူအညီကိစ္စနဲ့ ရခိုင်ပြည်နယ်က အခြေအနေအပါအဝင် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးဖို့ရှိတယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Mr.Carr ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ဆစ်ဒနီမြို့အခြေစိုက် မြန်မာ့အရေးဆောင်ရွက်နေတဲ့ Burma Office ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ချိုကRFA ကို အခုလို ပြောပြပါတယ်။

"မြန်မာနိုင်ငံကို သွားတဲ့ခရီးစဉ်ဟာ အရေးကြီးမယ်လို့ထင်တယ်၊ Mr.Bob Carr သွားတဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကိစ္စတွေကို တိုက်တွန်းဖို့ကော၊မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်အောင်လည်း တိုက်တွန်းတာတွေ၊ လူသားချင်းစာနာတဲ့ အကူအညီပေးဖို့တွေ၊ ပညာရေး၊ ကျန်းမာရေး အကူအညီပေးဖို့ကိစ္စတွေ အကျိုးရှိမယ်လို့ ထင်ပါတယ်"

သြစတြေးလျ နိုင်ငံဟာ မြန်မာ့လူနေမှု တိုးတက်မြင့်မားရေးအတွက် ကျန်းမာရေး၊ ပညာရေး၊ ကုန်သွယ်ရေးနဲ့ စီးပွားရေးရာကိစ္စတွေမှာ နီးနီးကပ်ကပ် လုပ်ဆောင်နေတဲ့အကြောင်း၊ ၂ဝ၁၅ ခုနှစ်အရောက်မှာ မြန်မာနိုင်ငံကို နှစ်စဉ်ပေးနေတဲ့ အကူအညီကို သြစတြေးလျဒေါ်လာ သန်းတစ်ရာအထိ နှစ်ဆကျော်တိုးမြင့်သွားမှာ ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org