ကျောက်တော်မှာ စစ်ဘေးဒုက္ခသည်ကူညီရေးအဖွဲ့ တားမြစ်ခံရ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် စပါးဆိပ်ကျေးရွာမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ် ရိက္ခာတွေ သွားရောက်ကူညီတဲ့အဖွဲ့ကို ကျော်တော်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသခံတပ်မတော်စစ်ကြောင်းက တားမြစ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် စပါးဆိပ်ကျေးရွာမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာတွေ သွားရောက်ကူညီတဲ့အဖွဲ့ကို ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသခံတပ်မတော် စစ်ကြောင်းက တားမြစ်ခဲ့ပါတယ်။

စားနပ်ရိက္ခာတွေပါတဲ့ စက်လှေနဲ့ ဒီနေ့သွားရာမှာ တားမြစ်တာကြောင့် ပြန်လာခဲ့ရတယ်လို့ အကူအညီပေးဖို့ လိုက်ပါသွားတဲ့ ကျောက်တော်မြို့ခံ ကိုဇော်ဝင်းက ပြောပါတယ်။

"ခလရ ၃၇၂၈ က ဗိုလ်ကြီးတစ်ဦးက ကျနော်တို့ကို ထွက်ခွာခွင့်မပေးဘူး၊ သူ့အထက်အရာရှိတွေက တိုက်ပွဲတွေက ပြင်းထန်နေတယ်၊ အဲ့ဒါကြောင့် ဘယ်သူမှထွက်ခွာခွင့် မပေးဘူးလို့ပြောတယ်"

တိုက်ပွဲဖြစ်ခဲ့တဲ့ ပီချောင်းဒေသမှာ စစ်ရေးအခြေအနေတွေ တင်းမာနေတာကြောင့် အခြေအနေတွေငြိမ်သက်မှ သွားရောက်ကြဖို့ တပ်မတော်အရာရှိတွေက ပြောခဲ့တယ်လို့လည်း ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တွေ က ပြောပါတယ်။

အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေ မှာ ကျောက်တော်မြို့နယ် ပီချောင်းဒေသ စပါးဆိပ်ကျေးရွာအုပ်စုအတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

နှစ်ဘက်တိုက်ပွဲဖြစ်ပွားရာနေရာအနီးက ကုလားကျ၊ ပင်လုံ၊ အောင်လံချောင်းစတဲ့ ကျေးရွာတွေက ဒေသခံ ၄၀၀ ကျော်ဟာ စပါးဆိပ်ကျေးရွာကို ခိုလှုံရောက်ရှိနေကြတာလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org