မြဝတီမှာ လောင်းကစား လုပ်ငန်းတွေ ဖြိုခွင်း


2013.09.19

ကရင်ပြည်နယ် မြဝတီမြို့က လောင်းကစားဂိမ်းရုံ ၂၄ ရုံကို မြဝတီခရိုင် ရဲတပ်ဖွဲ့က လောင်းကစား စက်ပစ္စည်းတွေအပြင် ဆိုင်ရှင် ၂ ဦးကိုပါ ဖမ်းဆီးလိုက်တယ်လို့ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးက ဒီနေ့ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်အတွင်းကတည်းက လောင်းကစားရုံတွေအားလုံးကို ပိတ်သိမ်းဖို့ စီမံချက်နဲ့ ဆောင်ရွက်နေတာဖြစ်တယ်လို့ မြဝတီခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးဦးမင်းနောင်က ပြောပါတယ်။

ကျနော်တို့က ၂ ရက်နေ့ကနေစပြီးတော့ သတိပေးထားပါတယ်၊ အဲဒီနေ့ကစပြီးတော့ တော်တော်များများ ပိတ်သွားပါတယ်၊ ပိတ်သွားပြီးတဲ့နောက် ၁၃ ရက်နေ့ လောင်းကစားပစ္စည်းတွေ လာအပ်ဖို့ အချိန်ပေးထားပါတယ်၊ လာအပ်ကြပါတယ်၊ ၁၄ ရက်နေ့မှာတခါ အစည်းအဝေးလုပ်ပြီးတော့ သတင်းရတာနဲ့ လောင်းကစားဒိုင်တစ်ခု၊ လောင်းကစားအိမ်တစ်ခု ထပ်ဖမ်းပါတယ်”

ဒီလိုဖမ်းဆီးရာမှာ လောင်းကစား ဂိမ်းစက် ၁၂၉ လုံးကို သိမ်းယူထားပြီး လောင်းကစားရုံပိုင်ရှင်အားလုံးကို ခံဝန်ချက် ထိုးခိုင်းတယ်လို့ သိရပါတယ်

ဒီလိုလောင်းကစားရုံတွေ ဖမ်းဆီးပိတ်သိမ်းမှုကို ကရင်ပြည်နယ် တစ်ခုလုံးအတိုင်းအတာနဲ့ ဆောင်ရွက်နေတာဖြစ်ပြီး၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း  ဒီလို အရေးယူဆောင်ရွက်မူတွေကို သဘောတူတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။