ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည်များ ထပ်မံသတိပေးခံရ

ပဲခူးတိုင်းဒေသကြီး အလံနီကျေးရွာ က အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ လှည်းကူးမြို့နယ်၊ သမီးလေးကျေးရွာက ဒုက္ခသည် အိမ်ထောင်စု ၁၄၀ နီးပါး ဖယ်ရှားပေးဖို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က မနေ့က သတိပေးလိုက်ပါတယ်။

ယာယီတဲတွေမှာ ခိုလှုံနေရတဲ့ သမီးလေးရွာသားတွေ ကို တွေ့ရစဉ် photo: Nay Myo Zin's Facebook

ပဲခူးတိုင်းဒေသကြီး အလံနီကျေးရွာက အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ လှည်းကူးမြို့နယ်၊ သမီးလေးကျေးရွာက ဒုက္ခသည် အိမ်ထောင်စု ၁၄၀ နီးပါး ဖယ်ရှားပေးဖို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က မနေ့က သတိပေးလိုက်ပါတယ်။

ရှေ့လာမယ့် မတ်လ ကလေးတွေ စာမေးပွဲပြီးဆုံး မှ ပြောင်းရွှေ့ခွင့်ပေးဖို့ အောင်သိဒ္ဓိ ကျောင်း တိုက်ဆရာတော် ဦးအဂ္ဂဓမ္မက တိုင်းဒေသကြီး အစိုးရဆီ မေတ္တာရပ်ခံစာ ပေးပို့ထားတယ်လို့ အဲဒီဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ကိုဝင်းစိုးက ပြောပါတယ်။

“အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းကနေပြီးတော့ မနေ့က နောက်ဆုံးထားပြောင်းပေးဖို့ စာတွေလာကမ်းထားတယ်၊ ကျနော်တို့က ပြောင်းစရာနေရာလည်း မရှိတဲ့အတွက် ကျတော်တို့ ဘုန်းကြီးကျောင်းမှာပဲ ဆက်နေတယ်၊ မနေ့က အောင်သိဒ္ဓိ ဆရာတော်က ကျောင်းသားလေးတွေရဲ့ ပညာရေးကို ရှေ့ရှုပြီးတော့ပေါ့နော် ဒုက္ခသည်တွေကို နေခွင့်ပြုဖို့ သနားခံစာ သွားတင်ထားတယ်”

လှည်းကူးမြို့နယ် သမီးလေးကျေးရွာမှာ နေထိုင်သူတွေကို တပ်ပိုင်မြေနေရာနဲ့ မလွတ်ကင်းလို့ဆိုပြီး ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၄ ရက် အာရုံတက်ချိန်လောက်မှာ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ စည်ပင်က အဲဒီရွာက အိမ်ခြေ ၄၀၀ နီးပါးလောက်ကို ဝင်ရောက်ဖျက်ဆီးခဲ့ပြီး အဲဒီရွာက ပြောင်းရွှေ့သူတွေဟာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတာပါ။

မနေ့ကတုန်းက အဲဒီဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA က ဗိုလ်မှူးဆန်းအောင်က လာရောက်ကြည့်ရှုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org